မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday 8 August 2012



အချစ်ဆိုတာ...
တစ်ယောက်မျက်နှာ တစ်ယောက်ငေးနေရုံနဲ့
အဓိပ္ပါယ်က ရှိမလာဘူး...
တစ်ယောက်ကိုတစ်ယောက် သ၀န်တိုနေယုံနဲ့
ချစ်ခြင်းတရားတွေ ခိုင်မာမလာဘူး....
တစ်ယောက်လုပ်ရပ်ကိုတစ်ယောက်
စောင့်ကြည့်ပြီး မာနပြိုင်နေယုံနဲ့
အချစ်တွေက တည်မြဲမလာဘူး...

တိတ်ဆိတ်ခြင်းနောက်မှာ.....
သစ္စာတရားတွေက ချစ်ခြင်းကင်းစွာအေ၇ာင်မဲ့ေ
နခဲ့တာ မဟုတ်ပါဘူး
ဖြူစင်ခြင်းနဲ့ အသံတိတ်နေတာပါ....

တွေဝေခြင်းနောက်မှာ.....
ကြင်နာမှု့တွေက သူစိမ်းဆန်စွာ စိမ်းကားနေခဲ့တာမဟုတ်ပါဘူး
နွေးထွေးမှု့အတိနဲ့ စောင့်ကြိုနေတာပါ....

နာကျင်ခြင်းရဲ့နောက်မှာ....
ပျက်ယွင်းသွားတဲ့ မျက်နှာပြင်ဟာ စိတ်ကုန်သွားတာတော့မဟုတ်ပါဘ
ူး
မဝေးချင်လောက်အောင် ချစ်မိခဲ့တော့ စိတ်ကစိုးရိမ်လာတာပါ...

မသိချင်ယောင်ဆောင် မျက်နှာလွဲနေခြင်းနောက်မှာ.
..
ချစ်ခြင်းတရားတွေက လျှော့ပါးသွားတာ မဟုတ်ပါဘူး
နားလည်ခြင်းနဲ့ မေတ္တာတရားကိုပေးအပ်ပြီး ချစ်မိနေလို့ပါ....

ချစ်တယ် ဆိုတဲ့ စကားလုံးရဲ့နောက်မှာ....
ပေါ့ပေါ့လေး ပြောခဲ့တာ တခုမှ မပါခဲ့ပါဘူး
တဘ၀လုံးတွက် ရည်စူးပြီး ရင်နဲ့ရင်းပြီး ချစ်မိခဲ့လို့ပါ....

နားလည်မှု့ရှိတဲ့ ချစ်ခြင်းမှာ အပြစ်ကင်းစွာ ဖြူဖြူစင်စင်ချစ်နိုင်ကြပါေ
စ။။။။။။


CH!t

No comments:

Post a Comment