မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday 15 March 2013

အချစ်တော့်.........မ share ပါရစေနဲ့

ချစ်တဲ့သူရေ.........
ခုတစ်လော ခဏခဏ မျက်ရည်ကျမိစေတယ်နော်
တောင်းပန်ပါတယ်ချစ်သူ
ချစ်သူက မျက်ရည်ကျလောက်အောင်
ချစ်တတ်သလို
ချစ်မိတဲ့သူကလည်း
မျက်ရည်စက်လက်နဲ့ပါချစ်တဲ့သူ
ချစ်သူ့အချစ်ကို နားလည်ခက်စေအောင်
လုပ်ခဲ့တယ်လို့ထင်ရင် တောင်းပန်ပါတယ်ချစ်တဲ့သူ
တစ်ကယ်တော့် ချစ်တယ်လို့ပြောတဲ့စကားဟာ
ပြောတော့်သာလွယ်တယ် ယုံကြည်နိုင်အောင်ကျတော့်
အခက်သားပဲနော်
ဒီဘ၀တော့် ချစ်တယ်လို့ပြောတဲ့စကားကို
ချစ်တဲ့သူဆီကသာ ကြားချင်ပါတယ်နော်
တစ်ကယ်လို့များ အဲ့စကားက ငါတစ်ယောက်တည်းပိုင်တာ မဟုတ်ရင်တော့်
ချစ်သူရေ...........
ကျေးဇူးပြုပြီး အချစ် share သမားတော့် မဖြစ်ပါရစေနဲ့နော်
ချစ်သူအဆင်ပြေမယ်ဆိုရင်
ရောက်တဲ့နေရာကနေ ထားခဲ့လိုက်ပါ
ငါ လက်ပိုက် ခေါင်းငုံပြီး နေပေးလိုက်ပါ့မယ်
ဒါက မချစ်လို့မဟုတ်ပါဘူးနော်
ငါ့ကိုယ်ငါ သနားစရာ အဖြစ်လို့ မမြင်ချင်လို့ပါ
.•♥♥•.¸¸.•♥♥•.¸¸သီရိမေ¸.•♥♥•.¸¸.•♥♥•.

No comments:

Post a Comment