မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday 15 March 2013

▶နွေဦးလေပြေလေးရေ...သူရှိတဲ့အရပ်ကိုရောက်တဲ့ အခါ...ပြောပြပေးပါ ... ... ...

▶အလွမ်းသီချင်းလေးတွေမှ နှစ်သက်တတ်တဲ့ငါ...
ဇာတ်လမ်းတွေထဲမှာတာတောင်...
မင်းသမီးလိုတုန်းခဏ အဖြည့်ခံ ...
ဇာတ်သိမ်းခန်း မင်းသားရဲ့ ရင်ခွင်ထဲမှာ ပျော်ရွှင်နေတာလေးကို ...
အဝေးက ကြည့်နေရတဲ့ Character မှ နှစ်သက်တတ်တဲ့ငါ...
ပညတ်သွားရာ ဓါတ်သက်ပါဆိုသလို ...
ငါ့အတွက် မတောင်းဆိုပဲ ဘုရားသခင်ပေးလိုက်တဲ့လက်ဆောင်က...
" အလွမ်းသမား " တဲ့လား ... .... ....
▶ရပါတယ်...
နင်ကျောခိုင်းထားလည်းရတယ် ...
နင့်ရဲ့ နောက်ကျောလေးတော့ မြင်နေခွင့်ပေးပါ ...
နင့်စိတ်တိုင်းကျ အရက်စက်ဆုံးစကားတွေနဲ့  ပြောဦးမလား ရတယ်...
နင်ပြောပြီးသွားရင် အပြုံးလေးတစ်ချက်တော့ မြင်ပါရစေ...
နင် အချစ်အတုအယောင်တွေကြောင့် နာကျင်သွားလား ရတယ်...
နင် ပြန်လာမယ်သာ ပြောလိုက် ...
ငါ ပျော်ရွှင်စွာနဲ့ တံခါးဖွင့်ထားမှာပါ... ... ....
▶အခုတော့ငါ...
ဖွင့်ပြောပြဖို့  အနားမှာ ဘယ်သူမှ မရှိတဲ့အခါ ...
ကဗျာလေးတွေ ရေးရင်း ...
ဘယ်သူမှ မမြင်နိုင်အောင် ...
တိတ်တိတ်လေး ရင်ဘတ်ထဲမှာ ငိုရတာ...
ပင်ပန်းလှပါပြီ ဟာ...

▶နွေဦးလေပြေလေးရေ...
သူရှိတဲ့အရပ်ကိုရောက်တဲ့ အခါ...
ပြောပြပေးပါ ... ... ...
သူ့ ကို ဘယ်လောက်ချစ်တယ်ဆိုတာ နဲ့ ဘယ်လောက်လွမ်းနေတာ... ... ...
~~~~~~~~~~ ♥ ~~~~~~~~~~~ ▶▶▶ ErOsKiKi~

Re-Post By ACM 15-3-2013
အေးချမ်းမွန် Credit & Copy From >>ခံစားချက်စာတိုလေးများ<< Thank

ခံစားချက်စာတိုလေးများ

No comments:

Post a Comment