မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 17 March 2013

ငါပြောရဲတယ်။.......နင်ကလွဲရင်..........

Photo: နင်မရှိတဲ့နောက်
ငါ့...ခံစားချက်တွေ ထုံကျဉ်နေခဲ့ပြီ။

ဘယ်သူ ဘယ်လောက်
`ချစ်တယ်´ပြောပြော
`သေလောက်အောင်´ လွမ်းပြအုံး။
ငါ... ဂရုမစိုက်မိတော့ဘူး။

ငါ့အချစ်တွေ
နှလုံးသား အောက်ခြေမှာ
အနယ်ထိုင်ခဲ့ပြီပဲ။

လှုပ်ပစ်စမ်းပါ။
အင်အားပြင်းပြင်း ငလျင်တခု လှုပ်ပစ်လိုက်စမ်းပါ။

...
ငါပြောရဲတယ်။
...
ူ
နင်ကလွဲရင်
ဘယ်သူမှ
ငါ့ရင်တခုလုံးကို 
ဝရုန်းသုန်းကား ဖြစ်သွားအောင် 
မလှုပ်ခတ်နိုင်ပါဘူး။

ရှိပါစေတော့
နေပါစေတော့

နင့်ကိုချစ်တဲ့ အချစ်တွေ
ကျောက်ဖြစ်ရုပ်ကြွင်းသာ ဖြစ်လိုက်ပါစေတော့။



သိုးငယ်။

June 14, 2012
နင်မရှိတဲ့နောက်
ငါ့...ခံစားချက်တွေ ထုံကျဉ်နေခဲ့ပြီ။

ဘယ်သူ ဘယ်လောက်
`ချစ်တယ်´ပြောပြော
`သေလောက်အောင်´ လွမ်းပြအုံး။
ငါ... ဂရုမစိုက်မိတော့ဘူး။

ငါ့အချစ်တွေ
နှလုံးသား အောက်ခြေမှာ
အနယ်ထိုင်ခဲ့ပြီပဲ။

လှုပ်ပစ်စမ်းပါ။
အင်အားပြင်းပြင်း ငလျင်တခု လှုပ်ပစ်လိုက်စမ်းပါ။

...
ငါပြောရဲတယ်။
...

နင်ကလွဲရင်
ဘယ်သူမှ
ငါ့ရင်တခုလုံးကို
ဝရုန်းသုန်းကား ဖြစ်သွားအောင်
မလှုပ်ခတ်နိုင်ပါဘူး။

ရှိပါစေတော့
နေပါစေတော့

နင့်ကိုချစ်တဲ့ အချစ်တွေ
ကျောက်ဖြစ်ရုပ်ကြွင်းသာ ဖြစ်လိုက်ပါစေတော့။



သိုးငယ်။

June 14, 2012

No comments:

Post a Comment