မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday 15 March 2013

သူ့ထံတွင်………

သူသည် မှော်ဝင်လက်ပိုင်ရှင်ဖြစ်သည်။
တပါးသူ၏ အိမ်မက်တို့ကို ရေလောင်းပေါင်းသင်ပေးတတ်သည်။

သူ့ထံတွင်
ဝါဂွမ်းဖြင့်ထုဆစ်ထားသော
နှလုံးသားရှိသည်
တပါးသူတို့၏ ခံစားချက်တွင်
ပျော်ဝင်နားလည်ပေးတတ်သည်။

သူ့ထံတွင်
မြေခွေးများလှမ်းမမှီနိုင်သော
စပျစ်ပင်ရှိသည်
တပါးသူချဉ်စေကာမူ
သူမြတ်နိုးစွာ
စားသုံးသည်။

သူ့ထံတွင်………
…………
…………
…………
………
သူနှင့်ကျွန်ုပ်သာ နားလည်သော ရနံ့တစ်ခုရှိသည်
မြတ်နိုးစွာရူရှိုက်ရင်း
ဘဝများကိုရုပ်လုံးသွင်းလျက်…………။ ။ ။
FB page

No comments:

Post a Comment