မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 17 March 2013

အဲ့ဒီ့ သီချင်းတပုဒ်ပေါ့..

Photo: သင့်မှာ သီချင်းတပုဒ် ရှိခဲ့ဖူးလိမ့်မယ်။
သင့်ချစ်သူ သင့်ကို မိုးရေထဲမှာ မပြောမဆို ထားသွားခဲ့တဲ့ ည မျိုးကို နောက်တခေါက် ပြန်သတိရစေတာမျိုး။
 
သင့်မှာ သီချင်းတပုဒ် ရှိခဲ့ဖူးလိမ့်မယ်။
သင့်ရဲ့ နာကျင်ခဲ့တဲ့ နေ့ရက်တွေဆီကို ခဏတဖြုတ်ပြန်ရောက်စေခဲ့တာမျိုး။
 
သင့်မှာ သီချင်းတပုဒ် ရှိခဲ့ဖူးလိမ့်မယ်။
သင့်ရဲ့ ဒဏ်ရာတွေ နှလုံးသား အမာရွတ်တွေကို ပြန်တွေ့စေတာမျိုး။
 
.............
သီချင်းသံ ကိုကြားလိုက်ရ ရုံနဲ့ လူတကိုယ်လုံး နုံးချိသွားသလို ခံစားရဖူးတယ်။
သီချင်းသံ ကိုကြားလိုက်ရ ရုံနဲ့ နှလုံးသား ထောင့်တနေရာက ဒဏ်ရာ ဆစ်ခနဲ နာကျင် ခဲ့ဖူးတယ်။
သီချင်းသံ ကိုကြားလိုက်ရ ရုံနဲ့ ဘယ်သူ့ကို မှ စကားပြောချင်စိတ်မရှိတော့ဘဲ တိတ်ဆိတ်နေခဲ့ဖူးတယ်။
 
.............
 
ငါ ထင်တယ်။
တနေ့နေ့ပေါ့ ... မင်းကို ငါ့ရင်ဘတ်ထဲက အပြီးအပိုင် မေ့ပစ်နိုင်လိမ့်မယ်လို့။
 
ဒါပေမယ့်
ရုတ်တရက်
ငါ... သီချင်းတပုဒ် နားထောင်မိတော့
မျက်ရည်တွေ အလိုလို စီးကျလာတယ်။
 
အဲ့ဒီ့
သီချင်းတပုဒ်ပေါ့... ငါတို့တူတူ ကျောချင်းကပ်ပြီး နားထောင်ခဲ့တဲ့
အဲ့ဒီ့
သီချင်းတပုဒ်ပေါ့....။
 
by သိုး ငယ် on Friday, April 27, 2012 at 2:07am

No comments:

Post a Comment