မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday 2 March 2013

ထာဝရထက် တရက်ပိုချစ်တဲ့ အချစ်နဲ့ အမြဲချစ်ခြင်းတယ် ချစ်သူ

လူတစ်ယောက်ကို ချစ်ဖို့
အကြောင်းပြချက်အများကြီးပေးစရာမ
လိုပါဖူး


ငါလဲ နင်ကို ချစ်တာ
အကြောင်းပြချက်ပေးစရာမရှိအောင် ချစ်တာပါ


လူတစ်ယောက်ကို သတိရဖို့
ဘာကြောင့် သတိရတယ်ဆိုတာ ပြောပြစရာမှမလိုပါဖူး


ငါလဲ နင့်ကို အချိန်ပြည့် သတိရနေတတ်တာ
ပြောပြစရာမလိုလောက်အောင် ချစ်လို့ပါ


လူတစ်ယောက်ကို လွမ်းဖို့ အကွာအဝေးဆိုတဲ့
အတိုင်းအတာရှိနေမှမဟုတ်ပါဘူး။


ငါလဲ နင်နဲ့ အချိန်ပြည့် စကားပြောနေပေမယ့်
အချိန်တိုင်းလွမ်းနေတာကတော့ ငါအနားမှာ နင်မရှိသေးပါလားဆိုတဲ့ အတွေးလေးကြောင့်ပါ


ထာဝရထက် တရက်ပိုချစ်တဲ့ အချစ်နဲ့ အမြဲချစ်ခြင်းတယ် ချစ်သူ




✿✿✿Poem✿✿✿

No comments:

Post a Comment