မိုးလင်းတိုင်းမှာ
ငါ နင့်ဘေးနားမှာ
အတူတူရှိခွင့်မရပေမဲ့
နင့်ကို ပထမဆုံးနှုတ်ခွန်းဆက်သခွင့်ကိုတော့
ပထမဆုံးရချင်တယ်..............
ညအိပ်ရာဝင်တိုင်းမှာ
ငါ နင့်ဘေးနားမှာ
ချော့သိပ်ပေးခွင့်မရှိပေမဲ့
နင့်ကို အိပ်မက်တွေနဲ့ ထွေးပွေ့ခွင့်ကိုတော့
နောက်ဆုံးရချင်တယ်.
အရာရာတိုင်းအတွက်
ငါ နင့်အနားမှာ
ဖြည့်ဆည်းပေးခွင့်မရှိပေမဲ့
နင့်ကို တတ်နိုင်သမျှနဲ့ ပေးဆပ်ခွင့်ကိုတော့
ငါပဲ အကုန်ရချင်တယ်.............
ထာဝရအတွက်
ငါနင့်အနားမှာ
မနေပေးနိုင်ပေမဲ့
နင့်ကို အသက်ရှင်သမျှ ကြင်နာယုယခွင့်ကိုတော့
ငါပဲ လိုချင်တယ်.................... .......ချစ်သူ.................
ယုံကြည်ပါ.........
ငါ့ချစ်ခြင်းတွေက
ထာဝရအတွက်ဆိုတဲ့ စကားတစ်ခွန်းနဲ့
ထပ်တူမျှရင်
မညီမျှလို့
အသက်ရှင်တဲ့ စက္ကန့်တိုင်းမှာ
နင့်ကို ချစ်တယ်လို့ပဲ ဆိုပါရစေနော်..................
ယုံကြည်ပေးပါ.................
Credit by - War War Win Hlaing
ညအိပ်ရာဝင်တိုင်းမှာ
ငါ နင့်ဘေးနားမှာ
ချော့သိပ်ပေးခွင့်မရှိပေမဲ့
နင့်ကို အိပ်မက်တွေနဲ့ ထွေးပွေ့ခွင့်ကိုတော့
နောက်ဆုံးရချင်တယ်.
အရာရာတိုင်းအတွက်
ငါ နင့်အနားမှာ
ဖြည့်ဆည်းပေးခွင့်မရှိပေမဲ့
နင့်ကို တတ်နိုင်သမျှနဲ့ ပေးဆပ်ခွင့်ကိုတော့
ငါပဲ အကုန်ရချင်တယ်.............
ထာဝရအတွက်
ငါနင့်အနားမှာ
မနေပေးနိုင်ပေမဲ့
နင့်ကို အသက်ရှင်သမျှ ကြင်နာယုယခွင့်ကိုတော့
ငါပဲ လိုချင်တယ်....................
ယုံကြည်ပါ.........
ငါ့ချစ်ခြင်းတွေက
ထာဝရအတွက်ဆိုတဲ့ စကားတစ်ခွန်းနဲ့
ထပ်တူမျှရင်
မညီမျှလို့
အသက်ရှင်တဲ့ စက္ကန့်တိုင်းမှာ
နင့်ကို ချစ်တယ်လို့ပဲ ဆိုပါရစေနော်..................
ယုံကြည်ပေးပါ.................
Credit by - War War Win Hlaing

No comments:
Post a Comment