မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday 9 March 2013

ငါဟန်ဆောင်ခဲ့တာ နင့်အတွက်ပါ

Photo: ငါ ဟန်ဆောင်ရတာကိုမနှစ်သက်တဲ့ သူတစ်ယောက်ဖြစ်ပေမဲ့
ခု နင့်ရှေ့ မှာ ငါ ဟန်ဆောင်ပြုံးပြ နေရတယ်........

ငါ အားငယ်တတ်တဲ့ သူတစ်ယောက်ဖြစ်ပေမဲ့ 
ခု နင့်ရှေ့ မှာတော့ ငါ ဟန်ဆောင်မာကြောနေရတယ်..........

ငါ နင်နဲ့ ပါတ်သက်တဲ့ အရာအားလုံးကိုရင်ထဲမှာသိမ်းထားပေမဲ့
ခု နင့်ရှေ့ မှာတော့ ငါ မေ့ပျောက်သလိုနေ နေရတယ်.......

ငါ့ကိုမချစ်တော့လို့ ထားသွားခဲ့တဲ့ နင့်ရှေ့ မှာ ငါ ပျော်နေတတ်ပေမဲ့
နင့် နောက်ကွယ်မှာတော့ ငါခုချိန်ထိ တမ်းတရင်း ငိုနေတတ်တုန်းပါပဲ.....

ငါ့ရဲ့ အပြုအမူတွေအားလုံးက ငါ သိပ်ချစ်ရတဲ့ နင်
ငါ ဆိုတဲ့ သူတစ်ယောက်အတွက်နဲ့  ပျော်ရွှင်နေတဲ့  နင့်ရဲ့ 
ဘ၀လေးမပျက်ဆီး စေချင်လို့ ပါ ချစ်ရသူရယ်..................

khin myo aye
ငါ ဟန်ဆောင်ရတာကိုမနှစ်သက်တဲ့ သူတစ်ယောက်ဖြစ်ပေမဲ့

No comments:

Post a Comment