မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday 22 March 2013

ချစ်သူနှစ်ယောက် လမ်းခွဲတဲ့အခါ...

ချစ်သူနှစ်ယောက် လမ်းခွဲတဲ့အခါ...
အချိန်အကြာကြီးယူပြီး တည်ဆောက် ခဲ့ရပေမယ့်...
နှစ်ယောက်အတူ ပူဆွေးမူ ရဲ့ သက်သေ မျက်ရည်တွေကျခဲ့ရပေမယ့်...
အခြေအနေအမျိုးမျိုးကို အတူလက်တွဲ ပြီး ကျော်ဖြတ်ခဲ့ပေမယ့်...
ဘယ်လို အဆိုးမျိုးပဲလာလာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့်...
တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုဘယ်လောက်ချစ်ပါတယ် ပြောခဲ့ပေမယ့်...
တစ်ကယ်တမ်း လမ်းခွဲတဲ့အခါ...
ဘာမှ မဟုတ်တဲ့အကြောင်းအရာလေး တစ်ခုကြောင့်ပဲ အားလုံးဆုံးရူံးရတယ်...
တကယ်တမ်းပြန်တွေးကြည့်တဲ့အခါ...
မချစ်လို့ မှ မဟုတ်ပဲ...
သူ့ ကို ချစ်တဲ့အချစ်ထက်... ကိုယ့်ကိုယ်ကို ပိုပြီးချစ်နေတတ်တဲ့...
တလွဲမာနတွေကြားမှာ ချစ်သူနှစ်ယောက် တဖြည်းဖြည်း...
အဆက်အသွယ်မဲ့လာ... သွေးအေးလာတဲ့နောက်မှာ
တစစီပြိုကွဲသွားတဲ့ အချစ်က
ဘယ်တော့မှ အသစ်ပြန်မဖြစ်နိုင်တော့ဘူး ဆိုတာ...
သေချာသလောက်ပါပဲ... ... ...
ErOs KiKi~

No comments:

Post a Comment