မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 17 March 2013

BF ဆိုတာ... ?

Photo: BF ဆိုတာ... ?

ကောင်လေး က ကောင်မလေးကိုပြောတယ်။
`ငါဟာ နင့်ရဲ့ BF´
`ဘာလဲဟ BF ဆိုတာ´
ကောင်လေးက ရယ်ပြီး 
`Best Friend ကိုပြောတာလေ...´

နှစ်တွေကြာတော့ သူတို့ ချစ်သူတွေဖြစ်သွားကြတယ်၊
`ငါဟာ နင့်ရဲ့ တစ်ဦးတည်း BF...ဘယ်သူမှဖြစ်ခွင့်မရှိတော့ဘူး´
ကောင်မလေး က
`ဒီတစ်ခါ BF ဆိုတာ ...´
`Boy Friend ကိုပြောတာလေ... ´

နှစ်တွေကြာတော့ သူတို့ လက်ထပ်ကြတယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး
တစ်ယောက် တောင် ရှိလာတယ်။
ယောကျာ်းက မိန်းမကို ပြောတယ်။
`ငါဟာ နင့်ရဲ့ BF´
မိန်းမက သမီးလေးကို ပွေ့ဖက်လိုက်ပြီး
`ကလေး အဖေပဲဖြစ်နေပြီ Boy Friend လုပ်ချင်တုန်းလား´
`မဟုတ်ဘူးလေ... ငါဟာ Baby’s Father ကိုပြောတာ´

သူတို့တွေ အသက်ကြီးလာပြီ။ လမ်းတောင် သိပ်မလျောက်နိုင်တော့ဘူး။
အိမ်ရှေ့က ခုံတန်းလေးမှာ နေပူဆာနေတုန်း ဖိုးဖိုးက ဖွားဖွားကို ပြောတယ်။
`အဖွားကြီး...ငါဟာ နင့်ရဲ့ BF´
မျက်လုံးတွေပိတ်မတတ် ဖွားဖွားက ရီလိုက်ပြီး
`အဖိုးကြီး ...လာပြန်ပြီလား ဒီ BF...´
ဖိုးဖိုးက နေလုံးကြီးကို မော့ကြည့်ပြီး 
`ဒါ ...နောက်ဆုံးBF... Be Forever ´

သိုးငယ်

No comments:

Post a Comment