သစ်ပင်လေး ရဲ့ ရာဇ၀င်
ရေး ဖွဲ့ တဲ့ ကဗျာ တိုင်း က
နင့် အကြောင်း တွေ နဲ့ သဒ္ဒါ ထပ် နေတယ်
တွေး မိ တဲ့ အတွေး တိုင်း က
နင့် အကြောင်း တွေ နဲ့ ပင့် သက် ရှိုက် နေ တယ်
မက် လိုက် တဲ့ အိပ်မက် တိုင်း က
နင့် အကြောင်း တွေ နဲ့ လန့် နိုး နေတယ်
ဆုံ မယ့် ရက် ကို
ပြ က္ခ ဒိန် မှာ မင် နီ တား
ရင် ခုန် သံ တွေ နွေး ထွေး နေ ပါ ရဲ့ လား ကွယ်
ချစ်သူရေ....
အပင် ဘယ်လောက် ကောင်း ကောင်း
ငါ့ အရိပ် မှာ ခို နား ဖို့
နား လည် မှု တွေ မြင့် မြင့် ပျံ သန်း လှည့်
နား ဆင် မိ တဲ့ ဂီတ တိုင်းဟာ
နင့် အကြောင်းတွေ နဲ့ ဆို့နင့် နေတယ်
ဖွင့် ဟ တိုင် ပင် မိတဲ့ အကြောင်းတိုင်း က
နင့် အကြောင်း တွေ နဲ့ အပ် ကြောင်း ထပ် နေတယ်
အ ရိပ် နေ ပြီး
အ ခက် ချိုး ခံ ရ လည်း
အပြစ်လို့ ပြောမထွက် တဲ့ ရင် က
ခွင့် လွှတ် ခြင်း နဲ့ ဆွံ့ အ အေး မြ နေ ဆဲ
ချစ်သူရေ....
လမ်း ကြုံ လို့ ခဏ နားခိုလည်း
ဒီ အပင်လေး ကတော့
အမှတ်တမဲ့ တွေကို အမှတ်တရ လို
ကိုးကွယ် စောင့်မျှော်နေတယ်
No comments:
Post a Comment