မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Tuesday 1 January 2013

တချို့အချစ်တွေက ဘဝမှာတခါပဲ နက်နက်ရှိုင်းရှိင်းချစ်လို့ရတယ်ဆိုတာ သိပ်နောက်မကျသေးခင် သိဖို့လိုတယ်လေ~~~

ချစ်သူနဲ့အခန့်မသင့်လို့စိတ်ပျက်ကြတဲ့အခါ
တချို့ယောက်ကျားလေးတွေ မိန်းခလေးတွေတွေးလေ့ရှိတယ်
ချစ်သူရှာရမခက်ဘူး ပေါတယ်..

ဟုတ်ပါတယ်..ချစ်သူရှာရတာမခက်ပါဘူး
ကိုယ်နှစ်နှစ်ကာကာချစ်ရတဲ့လူသာရှာရခက်တာပါ

ကိုယ်ကသိပ်ချစ်ရတဲ့လူ ၊ ကိုယ့်ကိုလည်းကိုယ်ချစ်သလိုပြန်ချစ်တဲ့လူ
အဲဒီလိုလူဟာ တယောက်တည်းဖြစ်ဖို့သိပ်ခက်ခဲတယ်

တချို့မာနတွေ ၊ ချစ်သူခြင်းမခံချင်စိတ်တွေကို
ခနလောက်မြိုသိပ်လိုက်ပါ
သိပ်ချစ်တဲ့လူတယောက်နဲ့လွဲချော်သွားခဲ့ရရင်
နောက်တခါအဲဒီလိုအချစ်နဲ့လူတယောက်ကို
ဘယ်လောက်ချစ်ရခက်သလဲဆိုတာ သင်သိလာပါလိမ့်မယ်

တချို့အချစ်တွေက
ဘဝမှာတခါပဲ နက်နက်ရှိုင်းရှိင်းချစ်လို့ရတယ်ဆိုတာ
သိပ်နောက်မကျသေးခင် သိဖို့လိုတယ်လေ~~~




ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
01-01-2013,09:48PM

No comments:

Post a Comment