မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Tuesday 1 January 2013

ငါ့နှလုံးသားက အယူခံဝင်ပြီး ပယ်ချနေတုန်း

အခုတလော...
နင့်ငါ့အပေါ် တစိမ်းဆန်လာတယ်နော်
အနမ်းတွေ မချိုမြိန်တော့ သလို
အပြုံးတွေလဲ အသက်မပါတော့ဘူး..

အခုတလော
နင့်ငါ့အပေါ် မျက်ကွယ်ပြုလာတယ်နော်
စကားတွေ နည်းလာသလို
ဂရုစိုက်မှု့တွေလဲ အရင်လိုမဟုတ်တော့ဘူး

အခုတလော
နင့်ငါ့အပေါ် အနိုင်ယူစိတ်တွေ များလာတယ်နော်
သံသယ တွေနဲ့ ထိုးနှက်လာသလို
စိတ်ဆိုးတာတွေ အမျက်မပြေလွယ်တော့ဘူး

ချစ်သူရေ..
ဘာ့ကြောင့် နင့်ဒီလို
ပြောင်းလဲသွားတယ်ဆိုတာသိနေပေမယ့်
ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်တွေကို
ခုထိ.. ငါ့နှလုံးသားက အယူခံဝင်ပြီး ပယ်ချနေတုန်း
ဒါကလဲ
နင့်ကို ဆုံးရှုံးရမှာ တခုထဲ အတွက်ကြောင့်ပါဟာ...။

(လွမ်းဝေ)

No comments:

Post a Comment