မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 28 January 2013

Photo: ☃☃☃ သတိရခြင်းတွေ ရုတ်သိမ်းပေးပါ……….. ☃☃☃

ချစ်တာ နဲ့ မုန်းတာ ကို ခံစားငိုကြွေးဖို့….
လွမ်းတာ နဲ့ တွေးဆွေးနေဖို့ …….
ငါ့မာနက လက်မခံ
ငါ့အတ္တက ဖယ်ချ
မသိစိတ်တစ်နေရာမှာ နာကျင်…
ငါ တိတ်တဆိတ်လေးပဲ ကျောခိုင်းနောက်ဆုတ်
နင့်ရှေ့မှာ ငါ အောင်နိုင်သူ

တကယ်တော့ဟာ………
နင့်နားမှာ နေဖို့ နင့်ရင်ခွင်မှာ တိုးဝင်ခိုနား
ငါ သိမ်မွေ့ချင်တာပေါ့
နင့်အနမ်းဖွဖွမှာ ကြည်နူးလှုပ်ရှား
ငါ နူးညံ့ခံစားချင်တာပေါ့
နင့် စကားသံမှာ ငါ နာခံလိုက်နာ
ငါ လုံခြုံချင်တာပေါ့

ဒါပေမယ့်ဟာ…….
အမြင်ချင်းကော ခံစားချက်ချင်းပါ ကွဲပြား
နင်ပြတ်သားသလို ငါတင်းမာ
နင်ဂရုမထားသလို ငါလျစ်လျူရှု
ငါတို့ (၂) ယောက်စလုံး မာနတွေထားမိတယ်

ကျောခိုင်းရှောင်ပြေးလို့ လမ်းခုလတ်အဆုံး
ငါပင်ပန်းစွာ ရှေ့ဆက်လှမ်းရင်း
ငါနောက်ကို လှည့်ကြည့်ဖို့ အားယူမိတယ်

ဟင့်အင်းးးးးးးးးး
မကြည့်ဘူးးးးးးးးးးးးးးး
ငါနာကျင်သလို နင်နာကျင်နေရင်
ငါခံစားနေသလို နင်ပင်ပန်းနေရင်
နင့်မျက်ရည်ကိုမြင်ရင် 
ငါလဲကျ သေဆုံး ငါနောင်တရမိလိမ့်မယ်

ဆက်သွားခွင့်ပြုပါ……………

ရှေ့ဆက်လှမ်းနိုင်ဖို့ ခွန်အားပေးပါ………

နောင်တမရစေမယ့် ရဲရင့်ခြင်းတွေ ဆောင်ကြဉ်းပေးပါ………

လှည့်မကြည့်ဘဲနဲ့ နာကျင်စေတတ်တဲ့ သတိရခြင်းတွေ ရုတ်သိမ်းပေးပါ………..
☃☃☃ သတိရခြင်းတွေ ရုတ်သိမ်းပေးပါ……….. ☃☃☃

ချစ်တာ နဲ့ မုန်းတာ ကို ခံစားငိုကြွေးဖို့….
လွမ်းတာ နဲ့ တွေးဆွေးနေဖို့ …….
ငါ့မာနက လက်မခံ
ငါ့အတ္တက ဖယ်ချ
မသိစိတ်တစ်နေရာမှာ နာကျင်…
ငါ တိတ်တဆိတ်လေးပဲ ကျောခိုင်းနောက်ဆုတ်
နင့်ရှေ့မှာ ငါ အောင်နိုင်သူ

တကယ်တော့ဟာ………
နင့်နားမှာ နေဖို့ နင့်ရင်ခွင်မှာ တိုးဝင်ခိုနား
ငါ သိမ်မွေ့ချင်တာပေါ့
နင့်အနမ်းဖွဖွမှာ ကြည်နူးလှုပ်ရှား
ငါ နူးညံ့ခံစားချင်တာပေါ့
နင့် စကားသံမှာ ငါ နာခံလိုက်နာ
ငါ လုံခြုံချင်တာပေါ့

ဒါပေမယ့်ဟာ…….
အမြင်ချင်းကော ခံစားချက်ချင်းပါ ကွဲပြား
နင်ပြတ်သားသလို ငါတင်းမာ
နင်ဂရုမထားသလို ငါလျစ်လျူရှု
ငါတို့ (၂) ယောက်စလုံး မာနတွေထားမိတယ်

ကျောခိုင်းရှောင်ပြေးလို့ လမ်းခုလတ်အဆုံး
ငါပင်ပန်းစွာ ရှေ့ဆက်လှမ်းရင်း
ငါနောက်ကို လှည့်ကြည့်ဖို့ အားယူမိတယ်

ဟင့်အင်းးးးးးးးးး
မကြည့်ဘူးးးးးးးးးးးးးးး
ငါနာကျင်သလို နင်နာကျင်နေရင်
ငါခံစားနေသလို နင်ပင်ပန်းနေရင်
နင့်မျက်ရည်ကိုမြင်ရင်
ငါလဲကျ သေဆုံး ငါနောင်တရမိလိမ့်မယ်

ဆက်သွားခွင့်ပြုပါ……………

ရှေ့ဆက်လှမ်းနိုင်ဖို့ ခွန်အားပေးပါ………

နောင်တမရစေမယ့် ရဲရင့်ခြင်းတွေ ဆောင်ကြဉ်းပေးပါ………

လှည့်မကြည့်ဘဲနဲ့ နာကျင်စေတတ်တဲ့ သတိရခြင်းတွေ ရုတ်သိမ်းပေးပါ………..
အိုးရှင်းလေး

No comments:

Post a Comment