**ငါဘယ်လောက် ချစ်လဲမမေးပါနဲ့ ...
 ဒီကမ္ဘာလောကကြီးက အချစ်တွေ ကုန်ချင်ကုန်မယ်....
 နင့်ကို ချစ်တဲ့ အချစ်တွေ ကုန်မယ် မထင်ဘူး....
 အရင်လူနဲ့ မယှဉ်ပါနဲ့ ငါကိုယ်တိုင်မယှဉ်ခဲ့လို့ ပါ.... 
 အချစ်ဦး မဖြစ်ခဲ့ပေမဲ့....
 နောက်ဆုံး အချစ်နဲ့  ချစ်ခဲ့တာယုံပါ
 စိတ်ကုန်နေပြီလား မမေးပါနဲ့ ..... 
 အဲနေ့ က ငါ ရုပ်နဲ့ နာမ် ပျက်စီးသွားတဲ့.....
 အချိန်ပဲ ဖြစ်လိမ့်မယ် ...
 မေ့နေပြီလာလို့  မမေးပါနဲ့  ချစ်သူ... 
 ငါ့နှလုံးခုန်တိုင်း နင့်နာမည်ကိုရေရွတ်နေတာပါ
 လမ်းခွဲချင်နေလားလို့ မပြောပါနဲ့ ..... 
 သံသရာတစ်လျှောက် နင်နဲ့ ....
 လျှောက်လှမ်းချင်သူပါ.
 ..ငါနင့် ရဲ့ ဘ၀လက်တွဲဖော် ဖြစ်ခွင့်မရရင်တောင်........... 
 နင့်ရဲ့ အဝေးတနေရာက နင်လိုရာဖြည့်ဆည်းခွင့်ရချင်သူပါ
 နင်လိုရာသုံး မကုန်နိုင်တဲ့ချစ်ခြင်းတွေနဲ့ ......... 
 ငါ့အသက်ခန္ဓာ တည်မြဲနေသမျှ....
 ဆက်၍ချစ်မယ်....... ....**
 
 Thar Pyae
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment