မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 28 January 2013

 
【◕‿◕】 ကျေနပ်တယ် 【◕‿◕】

ချစ်သူရယ်.......
နင်ပေးထားတာ ပန်းပဲဖြစ်ဖြစ် အလွမ်းပဲဖြစ်ဖြစ်
ငါကျေနပ်လို့ ယူခဲ့တာပဲ.......
နင် မမှားပါဘူး..........

နေခဲ့တော့ လို့ နူတ်ဆက်စကားမဆို
ငါ့ကို တစ်ချက်မှ ငဲ့မကြည့်တာက
နင် မကြည့်ရဲလို့မလား?

ခွင့်လွှတ်ပါတယ်......
ငါကချစ်တဲ့သူပဲ......

တစ်လှမ်းချင်း လှမ်းလျှောက်ရင်း ကျောခိုင်းသွားတဲ့နင်
ငါလဲ ခြေစုံရပ်ပြီး စောင့်မျှော်မနေခဲ့ပါဘူး

ငါ့မျက်ဝန်းထဲက ကွယ်ပျောက်သွားတာနဲ့.....
ငါ့ဘဝမှာ နင်မရှိတော့ဘူးဆိုတဲ့ အသိနဲ့
ငါ ဆက်ရှင်သန်မှာပါ

ငါဘယ်လောက် ဝမ်းနည်းနာကျင်ပါစေ
ငါ သေလုအောင် ငိုရင်းမျက်လုံးတွေ ကန်းသွားဦးတော့...
ငါ့ဘဝ မသေရဘူး

ငါချစ်တဲ့ နင့်ကို ဒီလမ်းလျှောက်နိုင်အောင်
ငါလေ့ကျင့်ပေးနိုင်တဲ့အတွက်

မလုပ်မဖြစ်လို့ လုပ်ကိုလုပ်ရမယ့် အလုပ်တွေကို
မရှောင်လွှဲပဲ ရင်ဆိုင်ရပ်တည်နိုင်အောင်
ငါ နားချဖျောင်းဖျ အသိပေးနိုင်ခဲ့တဲ့အတွက်

နင်အောင်မြင်နေတယ် ဆိုတိုင်း ငါကျေနပ်ပါ့မယ်
အိုးရှင်းလေး

No comments:

Post a Comment