မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 31 January 2013

ဒီမနက်လဲ ငါနိုးလာတယ်
နင့်အတွက်ထင်တယ်ဟာ..
နင့်ကို ငါပြောပါရစေ
ဒီလှပတဲ့ မနက်ခင်းလေးကို တိုင်တည်ပြီး...
ငါပြောချင်တယ်
နင့်ကိုငါချစ်တယ်.....လို့

နင်မယုံနိုင်ဘူးလား..
ငါရှင်းမပြတတ်ဘူးဟာ
ငါ့ရဲ့ တခြားရည်းစားတွေနဲ့
နင့်ကိုယ်နင် မနှိုင်းနဲ့နော်
ဘာဖြစ်လို့လဲ ဆိုတော့
တူမှမတူတာ... ဟာ..
You are unique!

ညရောက်ရင် လမင်းလေးကို ကြည့်လိုက်
ဆန်းစ လကလေးတွေ့ရင်
နင်ဟာငါ့ဘ၀ရဲ့ အစပါလို့ မှတ်....နော်
လပြည့်ဝန်းကြိးကိုတွေ့၇င်
နင်ဟာငါ့ရဲ့ တဘ၀လုံးပေါ့...

တကယ်လို့များ..
လကွယ်ည ဖြစ်ခဲ့ရင်တော့
နင်မရှိတဲ့ ငါ့ရဲ့ နေ့တွေကို စာနာပေးပါ...
မဖြစ်နိုင်ဘူးလို့ မပြောပါနဲ့နော်..

နင်အဲလိုပြောခဲ့ရင်
ငါ့ဘ၀မှာ ဘာမှ ဖြစ်နိုင်တော့မှာမဟုတ်ဘူး..
နောက်တခေါက်တည်းပါ...
နောက်တခေါက်တည်း..
ငါ..နင့်..ကို..ချစ်..တယ်...။

No comments:

Post a Comment