မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 28 January 2013







ကျနော် နှလုံးသားက တကြော်ကြော် ဟစ်ကြွေးနေတဲ့
သူမ နာမည်ကို
မျက်ဝန်းတွေထဲမှာ အချိန်တိုင်း မြင်တွေ့ခွင့် ရမယ်ဆိုရင်ပေါ့...
လောကကြီးကို သိပ်ကျေးဇူးတင်မှာပါ...
တကယ်ပါပဲ
အနီးနားကပ်ပြီး တိုးတိုးလေး သီချင်းတွေ ညည်းမယ်လို့ စိတ်ကူးမိတိုင်း
မဖြစ်နိုင်သေးတဲ့ လက်ရှိအခိုက်အတန့်ကို
ကျနော် သိပ်မုန်းမိတယ်...

ပြောချင်တဲ့ စကားတွေကို အစီအရီ သိမ်းဆည်းထားတဲ့ကြားက

မပြောဖြစ်ပဲ မျိုသိပ်လိုက်ရတဲ့ အေးစက်စက် နာရီ မိနစ်တွေအတွက်
ကျနော် အကြိမ်ကြိမ် အားငယ်ခဲ့ဖူးတယ်..

အလွမ်းတွေနဲ့ မွန်းကြပ်လွန်းလို့ သူ့ဆီကို ရင်ဖွင့်ချင်တဲ့ ဆန္ဒတွေပေါ်လာတိုင်း

အတူမရှိနိုင်သေးတဲ့ ရေမြေခြား ဘ၀တွေအတွက်
ကျနော် မျက်ရည်တွေဝေခဲ့ဖူးတယ်..

အမှတ်တရအဖြစ် သိမ်းဆည်းထားတဲ့နေ့ရက်လေးတွေ ရောက်လာတိုင်း

အမှတ်မထင် အထီးကျန်စွာ ပြီးဆုံးလိုက်ရတဲ့ နေ၀င်ချိန်တွေကိုငေးရင်း
ကျနော် အခါခါ ၀မ်းနည်းခဲ့ဖူးတယ်...

............


.....................


............................


တကယ်လို့


ကျနော် နှလုံးသားက တကြော်ကြော် ဟစ်ကြွေးနေတဲ့

သူ့ နာမည်ကို
မျက်ဝန်းတွေထဲမှာ အချိန်တိုင်း မြင်တွေ့ခွင့် ရမယ်ဆိုရင်ပေါ့...
လောကကြီးကို သိပ်ကျေးဇူးတင်မိမှာပါ...


(လွမ်းဝေ)

No comments:

Post a Comment