မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 4 April 2013

ငါနင့်ကိုချစ်တာ အချစ်တွေနဲ့ အမြဲတမ်းရှင်သန်နေမယ့် နင့်ရင်ထဲက ဖြူစင်တဲ့ နှလုံးသားလေးကို ချစ်တာ

ချစ်သူ ...

☀  ၀လာလို့လည်း စိတ်မပျက်နဲ့ ~ ပိန်သွားလို့လည်း စိတ်မညစ်နဲ့!!

ငါချစ်တာ နင့်ရဲ့ ၀ခြင်း၊ ပိန်ခြင်းကို မဟုတ်ဘူး ...

☀  သူများတွေ ဆံပင်ဖြောင့်တိုင်းလည်း  လိုက်မဖြောင့်ချင်နဲ့ ~ ဆံပင်အကောက်လေးနဲ့ လှနေတာတွေ့တိုင်းလည်း လိုက်မကောက်ချင်နဲ့!!

ငါချစ်တာ နင့်ရဲ့ ကောက်လိုက် ဖြောင့်လိုက် လုပ်နေတဲ့ ဆံပင်တွေကို မဟုတ်ဘူး ...

☀  အသားအရေလှချင်လို့ဆိုပြီး ပေါင်းတင်တာတွေ ဘာတွေနဲ့လည်း အလုပ်ရှုပ်မနေနဲ့!!

ငါချစ်တာ နင့်ရဲ့ ပြုပြင်ထားတဲ့ အသားအရေကိုမဟုတ်ဘူး!!

ချစ်သူ ...

ღ  လှပါတယ်ဆိုတဲ့ မျက်နှာလေးကလည်း တစ်ချိန်ချိန်မှာ အိုစာသွားမှာပဲ!!

ღ  မိုက်ပါတယ်ဆိုတဲ့ ခန္ဒာကိုယ်လေးကလည်း တစ်ချိန်ချိန်မှာ ပြောင်းလဲသွားမှာပဲ!!

ღ  လန်းလှပါချည်ရဲ့ဆိုတဲ့ ဆံပင်လေးကလည်း တစ်ချိန်ချိန်မှာ ဖြူပြီးခြောက်သွားမှာပဲ!!

ღ  စိုပြေလိုက်တာ ကောင်းလိုက်တာဆိုတဲ့ အသားအရေလေးကလည်း တစ်ချိန်ချိန်မှာ တွန့်ပြီး ပျော့တွဲကျသွားမှာပဲ!

ငါနင့်ကိုချစ်တာ အဲ့အသားအရေတွေ body တွေ ဆံပင်တွေကြောင့်မဟုတ်ဘူး!!

အချစ်တွေနဲ့ အမြဲတမ်းရှင်သန်နေမယ့် နင့်ရင်ထဲက ဖြူစင်တဲ့ နှလုံးသားလေးကို ချစ်တာ ♥♥♥

♚Thu Thu Lay♚

No comments:

Post a Comment