မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 8 April 2013

{♥}{♥}{♥}{♥}{♥} တစ်ခြမ်းပဲ့ အသည်း {♥}{♥}{♥}{♥}{♥}

အချစ်ဆိုတာ ...
အသည်းပုံစံလေး အတိုင်းပါပဲ။

တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားတဲ့အခါ ...
တစ်ခြမ်းနဲ့တစ်ခြမ်းထိဆပ်သွားလို့ အသည်းပုံစံပေါ်လာသလို

တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲကြတဲ့အခါ  ...
တစ်ယောက်တစ်ခြမ်းစီ ပဲ့ထွက် ပါသွားကြတယ်လေ။

အသည်းကွဲခြင်းဆိုတာ ...
အချစ်ကို အလယ်မှာထားပြီး ကျောခိုင်းထားတဲ့ ပုံစံမျိုးပါ ...
နောက်ပြန်လှည့်လိုက်ရင် အချစ်ဆိုတာရှိမှန်းသိနေပေမယ့် ...
သံသယတွေ ...
မာနတွေက ... 
မျဉ်းပြိုင်ဆွဲနေကြတော့ ဆုံတွေ့နိုင်ဖို့ မလွယ်ကူတော့ဘူးပေါ့။

မြ၀ဏိုးစံ(စာပေဥယျာဉ်)

No comments:

Post a Comment