မြတ်မြတ်နိုးနိုး
 *************
 ငါ မင်း ကိုစတွေ့ တဲ့နေ့  ကပေါ့
 
 အပြုံး မရှိတဲ့ နှုတ်ခမ်းနှစ်လွှာက
 
 အပြုံး ယဲ့ယဲ့လေးကို ငါ မြတ်နိုးခဲ့ မှန်း မသိခဲ့ဘူး ….
 
 မင်းနဲ့ ငါ …. လမ်းခုလတ်မှာ …ဆုံ မိတဲ့ အကြည့်တစ်ချက်ဟာ……
 
 နူးညံ့မှုမပါဘဲ အေးစက်တဲ့ မင်းမျက်ဝန်းတွေကို
 
 ငါ …ချစ်တတ်ခဲ့မှန်း…မသိခဲ့ဘူး
 
 ချိုသာတဲ့ စကားသံတွေမဟုတ်ဘဲ မာဆတ်ဆတ်
 
 မင်း အပြောလေးတွေက ငါ့နှလုံးသားထဲထိ..
 
 စူးနစ်စွာ ဝင်ရောက် သွားမှန်း ငါ ….မသိခဲ့ ဘူး ။
 
 ငါသိလိုက်တဲ့အချိန်မှာ …
 
 မင်း ရဲ့ သော့ ပိတ်ထား တဲ့ ရင်ဘက်ထဲက စိမ်းကားတဲ့ အသဲနှလုံးကို
 
 မြတ်မြတ်နိုးနိုး ချစ်မိသွားပြီ………….။
 
ရှားကို

No comments:
Post a Comment