မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 8 April 2013

နေပါစေ နေသာသလို

အမြဲတမ်း .. စကားပြောနေသူတစ်ယောက်
အသံတိတ် တိတ်ဆိတ်နေခြင်း .. က

သူ့ .. ရင်ထဲ .. အားကုန် အော်ဟစ်နေတာနဲ့ တူပါတယ်

မတားမိစေနဲ့ .. ကွယ်

စကားလုံးတွေ (ပြန်လည်) ပီသလာတဲ့အထိ 
အော်နေခွင့် ပေးထားတာပဲ ကောင်း .. ပါ .. တယ် ..

~ ~ ~ ~ ~

အမြဲတမ်း .. ပြုံးရွှင်နေသူတစ်ယောက်
ခပ်ဖွဖွကလေး အားတင်း ရယ်မောလိုက်ခြင်း .. က

သူ့ .. ရင်ထဲ .. အားငယ် ငိုယိုနေတာနဲ့ အတူတူပါပဲ

အား မပေးပါနဲ့ .. ကွယ်

မျက်ရည်တွေ ခမ်းတဲ့တစ်နေ့ .. 
သူ ပြန် (အငိုတိတ်ကောင်း) အငိုတိတ်သွားလိမ့်မယ်

~ ~ ~ ~ ~

အမြဲတမ်း .. လန်းဆန်းတက်ကြွနေသူတစ်ယောက်
ဆိတ်ဆိတ်ကလေး ငြိမ်သက် ထိုင်နေခြင်း .. က

သူ့ .. ရင်ထဲ .. အားပြတ် လဲကျနေတာနဲ့  မထူးမခြားနား ပါပဲ

သွား ဆွဲမထူပါနဲ့  .. ကွယ်

ယုံကြည်မိလို့  .. အလိမ်ခံရတာပါ
ကျနော်တို့ အားလုံး .. အလိမ်ခံ လဲကျခဲ့ဖူးမှာပဲ

နာကျဥ်းတတ်တဲ့ တစ်နေ့  ..

သူ .. ပြန် .. ထ .. လာ .. ပါ .. လိမ့် .. မယ် ..

 Luna ရေးတဲ့ လမင်းဒိုင်ယာရီ

No comments:

Post a Comment