မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday 27 October 2012

 
 
 
 
 
 
 
 
 
သတိရစရာတွေကို ဖြည် ဖို့ 
အမှတ်ရစရာတွေကို တွေးယုံကလွဲရင်
အဝေးမှာနေတဲ့  ငါ့ အတွက်
ဘာတခုမှ မတတ်နိုင်ခဲ့ တာပါ.............
အနေဝေးရင်
အဝေးမှာနေရ တဲ့  နင်နဲ့ ငါ့ အတွက်
အလွမ်းတွေ ခါးမှာလည်း ကြို သိပါတယ်.............
အရာတခုကို မက်မောတွယ်တာနေမူ့ တွေ..............
တစ်စုံတစ်ယောက်ကို မျှော်လင့် နေရတာတွေ.............
လူတစ်ယောက်ကြောင့်  ပူလောင်နေရတာတွေ.................
ပြင်းပြင်းပြပြ သတိရနေ ရတာတွေ................
မလွမ်းချင်ပဲ လွမ်းနေရတာတွေ ......................
အဲ့ ဒီ အရာအားလုံးက နင့် ကိုချစ်ပြီးမှ မွေးဖွားလာရတာ ဆိုရင်တောင်
နင့် ကြောင့်  လို့  ခေါင်းစဉ်မတပ်ဝံ့  နိုင်တာက
ငါ့  နှလုံးသား ရဲ့  အားနည်းချက်တခုဖြစ်မယ်ထင်ပါတယ်................
ဝမ်းနည်းခြင်းပဲဖြစ်ဖြစ်
ပျော်ရွှင်ခြင်းပဲ ဖြစ်ဖြစ်
ငါ အရာအားလုံးကို ခံနိုင်ရည်ရှိပါတယ်...
နင် ငါ့ ကို စွန့် ပစ်သွားမှာက လွဲရင်ပေါ့ .....................

1 comment:

  1. အရာတခုကို မက်မောတွယ်တာနေမူ့ တွေ..............
    တစ်စုံတစ်ယောက်ကို မျှော်လင့် နေရတာတွေ.............
    လူတစ်ယောက်ကြောင့်  ပူလောင်နေရတာတွေ.................
    ပြင်းပြင်းပြပြ သတိရနေ ရတာတွေ................
    မလွမ်းချင်ပဲ လွမ်းနေရတာတွေ-----
    တူတူပါပဲနော်
    ခင်မင်တဲ့ sis jasmine

    ReplyDelete