မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday 5 October 2012


လွမ်းရတဲ့မနက်ခင်း
အိပ်ယာနိုးနိုးချင်းမှာ
မင်းပို့ထားတတ်တဲ့ message လေးမျှော်မိတာ
ဘာလို့လဲ...?

လွမ်းရတဲ့နေ့
ရှူရှိက်မိတဲ့ လေထုထဲမှာ
မင်း အငွေ့သက်လေးပါလာတာ
ဘာလို့လဲ...?

လွမ်းရတဲ့ည
အိမ်မက်တွေထဲ
မင်းအရိပ်လေး လာရောက်ခိုးနားတာ
ဘာလို့လဲ ...?

ငါအရမ်းလွမ်းနေသလို
မင်းကော အရမ်းလွမ်းနေမလားလို့
တွေးမိတဲ့ တခဏ ငါ့ကမ္ဘာဟာ ခဏပြိုတယ် ချစ်သူ...။

နာကျင်မိတဲ့ ရင်ဘတ်တစ်စုံကို
ဝေ့တက်လာတဲ့ မျက်ရည်စနဲ့ အတူ
တိုးတိုးတိတ်တိတ် ဖုံးအုပ်ရင်း
ငါ တမ်းတမ်းတတလေး ပြောမိလိုက်တယ်
မနက်ဖြန်ရဲ့ မနက်ခင်းမှာ
ငါမင်းအနားကို အမြန် ရှိချင်ပြီ ချစ်သူရယ်......။

No comments:

Post a Comment