မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday 24 October 2012

တခုခု တွေးကြောက်ချိန်တိုင်း
အားတင်းလိုက်ပါ ချစ်သူ
နင့် ဘေးမှာ ငါတစ်ယောက်လုံးရှိနေတယ်လေ

တခုခု စိတ်ညစ်ချိန်တိုင်း
...
အားမလျော့ပါနဲ့ ချစ်သူ
နင့်ဘေးမှာ ငါတစ်ယောက်လုံးရှိတယ်လေ

တခုခု ၀မ်းနည်းချိန်တိုင်း
မငိုပါနဲ့ ချစ်သူ
နင့်ဘေးမှာ ငါတစ်ယောက်လုံးရှိတယ်လေ

တခုခုကြောင့် အထီးကျန်ချိန်တိုင်း
ငါတစ်ယောက်တည်းပါလားလို့ မတွေးပါနဲ့ချစ်သူ
နင့်ဘေးမှာ ငါတစ်ယောက်လုံးရှိတယ်လေ

တခုခု ဆုံးဖြတ်ချိန်တိုင်း
အတွေးမမှားသွားပါနဲ့ ချစ်သူ
နင့်ဘေးကရှိနေတဲ့ငါက နင်နဲ့ထပ်တူခံစားတတ်လို့ပါ

No comments:

Post a Comment