မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday 24 October 2012

တဘဝ တာ ပျော်ရွှင် ဖို့  အတွက်
တခဏ တာ ဝေးနေဖို့  ဆုံးဖြတ်ချက် ချလိုက် ရ တာ ပါ

တခဏ တာ နီး စပ် ဖို့  အတွက်
စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက် ချပြီး တဘဝ တာ မဝေး ချင်ဘူး
...


ချစ်သူ အနားမှာ မနေ ချင်တဲ့ သူ ဆိုတာ မရှိပါဘူး
အကြောင်း အမျိုးမျိုး ကြောင့် သာ ချစ်သူ အနားက ထွက်ခွာလာတဲ့သူတွေချည်းပါဘဲ


ချစ်သူနေမကောင်းဘူးဆိုရင် အဝေး ကနေ စိတ်ပူချင်တဲ့သူ ဆိုတာ မရှိပါဘူး
အနားမှာ ဖြစ်ဖြစ် ဖုန်းလေး နဲ့  ဖြစ်ဖြစ် ဂရုစိုက်ချင်တဲ့သူတွေချည်းပါဘဲ

လွမ်းတယ် ဆိုတာ ပြောတော့တာ လွယ်ပင်မယ့် ခံစားရတဲ့ ခံစားချက်ကို ပြောထွက်ဖို့ ဆိုတာ မလွယ်ပါဘူး

ကိုယ်လက်ရှိလွမ်းနေတာနဲ့  တန်အောင် တယောက်နဲ့  တယောက် ပြန်ဆုံတဲ့ အခါကျရင် အမြဲ မပြတ် နားလည်မှုကိုယ်စီနဲ့  ပြုံးနိုင်ကြ ပါစေ....................

No comments:

Post a Comment