တစ်ချက်ကလေးကြည့်လိုက်ယုံနဲ့ ရင်ခုန်သွားတာလား 
- အဲဒါအချစ်မဟုတ်သေးဘူး
 
 သူ့ရဲ့ကြင်နာ ဂရုစိုက်မှုတွေကို သာယာနေမိသွားတာလား 
- အဲဒါအချစ်မဟုတ်သေးဘူး
 
 သူ့ရဲ့စကားသံတွေကို ငေးမောမှင်သက်မိသွားတာလား 
- အဲဒါအချစ်မဟုတ်သေးဘူး
 
 ကိုယ့်အတွေးတွေထဲ သူဟာ အချိန်တိုင်းနေရာယူနေတတ်တာလား
- အဲဒါအချစ်မဟုတ်သေးဘူး
 
 “ သူကောင်းတာပဲမြင်ချင်တယ် သူ့အကျိုးကိုပဲလိုလားတယ် သူပျော်ရွှင်စေဖို့ ကိုယ်မျက်ရည်ကျပေးနိုင်ပြီလား - အဲဒါကို အချစ်လို့ခေါ်တယ် ” 
 
 
 
No comments:
Post a Comment