မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 21 October 2012


ကမ္ဘာတစ်ခြမ်းမှာ
နင်ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့
နင်မရှိတဲ့ နောက်ကမ္ဘာတစ်ခြမ်းမှာ
နေသားကျပြီးတဲ့ ငါ
နင် မရှိတော့ရင် .... ဆိုတဲ့အတွေးနဲ့တင်
ငါ သွေးပျက်ခြောက်ခြား နေမိတယ်

အရာရာ နေသားကျအောင်
ငါ့စိတ်ထဲ ကြိုတင်ပြင်ဆင်ခွင့်ပေးခဲ့တဲ့
ကံကြမ္မာကိုပဲ ကျေးဇူးတင်ရမလား
...
နင့်အတွက် မတရားတဲ့
ကံကြမ္မာကိုပဲ စိတ်နာပစ်ရမလား

သေချာတဲ့ ကန့်သတ်ချက်တွေကြားမှာ
တို့နှစ်ယောက် အချစ်တွေ
သက်ဆုံးတိုင် စေရမယ် ချစ်သူ
နောက်ဆုံးစက္ကန့်အထိ လက်တွဲထားကြမယ်
နေ၀င်ချိန်တိုင်းကို အတူခံစားကြမယ် ...

No comments:

Post a Comment