မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 24 September 2012

နှလုံးသား သံစဉ်
သံယောဇဉ်တွေ ဝေဆာလို့
နှောင်ဖွဲ့ထားတဲ့ ရင်းနှီးမှုတွေနဲ့
သမုဒ္ဒယဆိုတဲ့ မျှားလေးတွေက
ဘယ်ဘက်ရင်အုံကို လာစိုက်တာ
ရှောင်လွှဲချိန်တောင် မရလိုက်ပါဘူး...။

အခုဘ၀မှာပဲ
အယုအယလေးတွေ ဝေမျှလို့
ငါတို့နှစ်ယောက်ရဲ့ကြားမှာ
သက်တမ်းရင့်တဲ့ ရင်းနှီးမှုတွေနဲ့
နွယ်ပင်ဆန်တဲ့ သံယောဇဉ်တွေ
ရစ်ပတ်ခဲ့တယ်...။

လင်းလက်မှုတွေ နင်ကပေးတော့
ကြယ်စင်လေးလို တောက်ပခဲ့ပါတယ်။

အေးချမ်းမှုတွေ နင်ကပေးတော့
လမင်းလေးလို ထွန်းလင်းခဲ့ပါတယ်။

ချိုမြိန်မှုတွေ နင်ကပေးတော့
ခံစားချက်တိုင်းဟာ လှပခဲ့တယ်။

ကြည်နူးမှုတွေ နင်ကပေးတော့
နှလုံးခုန်တိုင်း စည်းချက်တွေက
သာယာတဲ့သံစဉ်ပမာ ချိုသာခဲ့ပါတယ်...။

No comments:

Post a Comment