မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday 5 June 2013

လွတ်လပ်ခွင့်

ချစ် တယ် လို့ တော့ ပြော တယ်
တစ် ကယ် လည်း ချစ် ခဲ့ တယ် လို့ ထင် ပါ တယ်
တော် တော် ကို လည်း ပျော် ရွင် ခဲ့ ရ ပါတယ်
စိတ် ညစ် စ ရာ တွေ ၊ နာ ကျင် စ ရာ တွေ မေ့ သွား တဲ့ အ ထိ ပေါ့
ကျေး ဇူး လည်း တင် မိ ပါ တယ် ။
ချစ် သူ ၏ ချစ် ခြင်း တွေ ကို နား လည် သ ဘော ပေါက် ခဲ့ ပါ တယ်
ပျော် ရွင် ခြင်း ၊ မ နာ လို ခြင်း ၊ ရန် ဖြစ် ခြင်း ၊ စိတ် ကောက် ခြင်း ဆို တဲ့
ချစ် သူ စုံ တွဲ တွေ လို လည်း တစ် ယောက် ကို တစ် ယောက် စ နောက် ခဲ့ တယ်။

ဒါ ပေ မယ့်
သူ သိပ် ကို သွေး အေး တဲ့ သူ တစ် ယောက် ဆို တာ သိ ပေ မယ့်
အ ရမ်း ကို သွေး အေး ပြီး ရက် စက် လိမ့် မယ် လို့ တော့ မ ထင် ထား ဘူး
အ ကွာ အ ဝေး တစ် ခု မှာ မ သိ သာ ပေ မယ့်
မိန်း က လေး တစ် ယောက် ဘက် က ကြည့် ရင် ဝေး ကွာ လေ စိုး ရိမ် လေ
ဖြစ် ခဲ့ တယ်။ သူ အ ဆင် မ ပြေ တာ ကို သိ တဲ့ အ ချိန် က သူ လောက် မ ဟုတ် ပေ မယ့်
သူ နည်း နည်း ၀မ်း နည်း ခဲ့ တယ်။ သူ ကဲ့ သို နာ ကျင် ခဲ့ တယ်။

ကိုယ် က သာ သူ့ အ တွက် ပူ ပန် နေ ခဲ့ ပေ မယ့်
သူ ကိုယ့် အ တွက် အ ချိန် အ နည်း ငယ် တောင် မ ပေး ခဲ့ ဘူး ။ နား လည် တယ်။
ကိုယ် က သာ သူ့ အတွက် စိုး ရိမ် နေ ခဲ့ ပေ မယ့်
သူ ကိုယ့် အ တွက် ဖုန်း လေး တစ် ချက် တောင် ဆက် ဖော် မရခဲ့ဘူး။ ခွင့် လွတ် တယ်။
ကိုယ် က သာ သူ့ အ တွက် ဆု တောင်း ပေး နေ ခဲ့ ပေ မယ့်
သူ ကိုယ့် အ တွက် အ ဆင် ပြေ ပါ တယ် လို့ အ သိ မ ပေး ချင် ခဲ့ ဘူး။ ရ ပါ တယ်။
ကိုယ် က သာ သူ့ အ တွက် အ ဆိုး ကော အကောင်း ကော ကို လက် ခံ ပေး နိုင် ပေ မယ့်
သူ ကိုယ့် အ တွက် အ ဆိုး တွေ ကို စိတ် မ ၀င် စား ခဲ့ ဘူး။ နား လည် တယ်။
ကိုယ် က သာ သူ့ တစ် ယောက် တည်း ကို သာ စဉ်း စား ပေး တတ် ပေ မယ့်
သူ ကိုယ့် ကို မေ့ လို့ တစ် ခြား သူ တွေ အ တွက် စဉ်း စား ပေး ခဲ့ တယ်။ ခွင့် လွတ် တယ်။

အ ချိန် တွေ သာ ပြောင်း လာ ခဲ့ တယ်။
ရာ သီ တွေ လည်း ပြောင်း လာ ခဲ ပြီး ။
အ ရင် တုန်း က လည်း စောင့် နေ တယ်။ ခု လည်း စောင့် နေ ပါ သေး တယ်။
နောင် လည်း စောင့် ဖြစ် နေ မှာ ပါ။
အ ကြောင်း တစ် စုံ တစ် ရာ ကြောင့် ဆက် သွယ် မှု ပြင် ပ ကို ရောက် နေ တယ် လို့
ကိုယ့် ကို ကိုယ် နှစ် သိပ့် နေ ပေ မယ့် တိုက် စား လာ တဲ့ အ ချိန် က တော့ သ တိ ပေး နေ ပြီး စွန့် လွတ် လိုက် တော့ တဲ့ ၊ သူ့ ကို စွန့်  လွတ် ပြီး လွတ် လပ် ခွင့် ကို ရှာ ယူ တော့ တဲ့ ။
အ ကြောင်း ဟုတ် တယ် ဘာ ကြောင့် ဆို တဲ့ အ ကြောင်း ကို သိ ဖို့ စောင့် နေ ပါ့ မယ်။

ဆုံး ဖြတ် ပြီး ပါ ပြီး
လွတ် လပ် ခွင့် ပေး လိုက် ပါ တယ်
ပျံ ပါ ပျံ ဟိုးးးးးးးးးး အ မြင့် ကြီး ကို ပျံ တော့
ငါ နဲ့ ဘယ် တော့ မှာ မ စုံ တွေ့ နိုင် အောင် နင် နဲ့ မ တူ ညီ တဲ့
ဆန့် ကျင် ဖက် ကို ပျံ တတ် နိုင် အောင် ကြိုး စား မယ်
စွန့် လွတ် နိုင် အောင် စွန့် လွတ် မယ်
တစ် ကယ် လို့
တစ် နေ့ နေ့ ဆုံ တွေ့ ခဲ့ တယ် ဆို ရင်
ဘာ ကြောင့် သိပ် ချစ် ပါ တယ် လို့ ပြော ဖူး တဲ့ သူ တစ် ယောက် ကို
စွန့် ပစ် ရ တာ လည်း ဆို တဲ့ အ ကြောင်း ပြ ချက် ကို ပြော ပေး နိုင် ပါ စေ ။
နင့်  ကို လွတ် လပ် ခွင့် ပေး လိုက် တာ ကို နောင် တ ရ လို့ တော့ မ ဟုတ် ဘူး
ငါ့ ပေး ဆပ် တဲ့ အ ချစ် အ တွက် သိ သင့် တယ် ထင် လို့ . . . . .

နောက် ပြီး 
ဒီ နေ့ က စ လို့ ထို သိပ် ချစ် တတ် ပေ မယ့် သွေး အေး တဲ့
သိပ် ချစ် ရ တဲ့ ချစ် သူ ကို လွတ် လပ် ခွင့် ပေး လိုက် ပြီး ။

ချစ်ခင်လေးစားလျက်
လမင်း @ Kabyar Ma Lay

1 comment:

  1. ရင်​တွင်းခံစားချက်​လား လန်းတယ်​ ​နော်

    ReplyDelete