မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday 1 May 2013

ရင်ဘတ်ချင်းလွဲခဲ့ကြတဲ့ ငါတို့နှစ်ဦး

နေရစ်ခဲ့လို့ ငါမပြောခဲ့သလို
ထွက်သွားပါလို့ ငါမပြောခဲ့ပါဘူး

မချစ်တော့ဘူးလို့ ငါမပြောခဲ့သလို
မုန်းလိုက်တော့လို့လဲ ငါမပြောခဲ့ပါဘူး

စိတ်သဘောထားချင်းမတိုက်ဆိုင်တော့ရင်
အပြစ်ကလိုတာထက်ပိုကြီးတတ်တာ ငါမေ့သွားလို့ပါ

ထားချင်ရင်အသာအယာထွက်သွားပါ
မတတ်သာလို့ ခပ်ခွာခွာနေရတဲ့ပုံလုပ်မပြပါနဲ့

လူတစ်ကာအမြင်မှာ ဗီလိန်လိုမြင်မှ
နင်ကျေနပ်မှာလား

ရိုးတံကျဲတောက် တဖြောက်ဖြောက်နဲ့
မီးထတောက်မတတ်ဒီနွေအပူက ငါ့ရင်အပူကို
မှီမယ်ထင်လို့လား

မာနကိုခဝါချလွန်းပြန်တော့ မြေမှာ ချ နင်း ရက်တယ်
စကားကိုနာခံလွန်းပြန်တော့ ခြေရာဖျောက်နိုင်လွန်းတယ်

တတိယလူရဲ့လက်ကိုဆွဲ အဝေးကိုထွက်သွားပြီးမှ
နှစ်သိမ့်ပြုံးနဲ့ အိမ်မက်ထဲတောင်ပေါ်မလာပါနဲ့

မမြင်ရရင်ပျော်ပါစေ ဆုတောင်းနိုင်ပေမယ့်
မြင်ခဲ့ရင်ပြုံးပြဖို့တောင် ငါ့ရင်ဘတ်ကနာကျင်လွန်းလို့ပါ

ရင်ဘတ်ချင်းလွဲခဲ့ကြတဲ့ ငါတို့နှစ်ဦး
နောင်တစ်ချိန်ပြန်ဆုံရင်တောင် တစ်စိမ်းပြင်ပြင်လက်တစ်ကမ်း လှမ်းလို့မခေါ်စတမ်း.. :'(

JL...

ငါ့ခံစားချက်တွေ စကားနှစ်လုံးထက်ပိုပါတယ်

No comments:

Post a Comment