မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 30 December 2012

ငါမငိုပါဘူး:'(

ငါမငိုပါဘူး
နင့်ကို လွမ်းလို့ကျခဲ့တဲ့ မျက်ရည်တွေအတွက်
သတိတရနဲ့ ရယ်မောခြင်းတွေမှာ
ငါ ပျော်ရွှင်တယ်...။

ငါမညည်းတွားပါဘူး
နီးစပ်ခွင့်မရှိသေးတဲ့ ကံကြမ္မာအတွက်
ချစ်နေခွင့်ရတဲ့ အခိုက်အတန့်လေးကို
ငါ ကျေနပ်တယ်...။

ငါစိတ်မပျက်ပါဘူး
သ၀န်တိုလို့ ရန်ဖြစ်ကြတဲ့နေ့ရက်တွေအတွက်
စိတ်ကောက်ပြေပြီး ကြည်နူးရတဲ့ဘ၀လေးကို
ငါ မြတ်နိုးတယ်..။

ငါ ဂရုမစိုက်ပါဘူး
နင့်အကြောင်းပြောတဲ့ မလိုဘေးစကားတွေအတွက်
ယုံကြည်မှု့တွေနဲ့ တည်ဆောက်ထားတဲ့ ငါတို့အချစ်တွေကို
ငါ တန်ဖိုးထားတယ်..။

ငါ မတွေးထားပါဘူး
ကံစီမံရာ အဆိုးအကောင်းတွေအတွက်..
နှစ်ကိုယ်တူ ဘ၀လေးတည်ဆောက်ဖို့
ငါ အားတင်ထားတယ်...။

ငါ မစဉ်းစားချင်ပါဘူး
ကြိုတင် သိခွင့်မရတဲ့ အနာဂတ်မျှော်လင့်ချက်တွေအတွက်..
ချစ်ခွင့်ရတဲ့ဘ၀မှာ နောင်တ မရှိတဲ့ အချစ်တွေနဲပဲ
ချစ်သူရေ..
ငါ နင့်ကို ရင်နင့်အောင် ဆက်၍ချစ်နေမယ်...။

(လွမ်းဝေ)

3 comments:

  1. ကောင်းမလေးရယ်
    နင်ဟာငါဘ၀ရဲ့မျှော်လင့်ချက်အိမ်မက်တစ်ခုပါ
    ငါဘ၀ဟာနင်နဲ့ကျမှအဒတ်ပါယ်ရှိလာတာပါ
    ငါဟာနင်နဲ့ကျမှအချစ်ကိုမြတ်နိုးလာတာပါ
    ငါအချစ်တွေကနင်နဲ့ကျမှစစ်မှန်လာတာပါ
    ငါရင်ထဲမှာနင်ကအမြဲစိုးမိုးထားတာပါ
    နင်ရင်ထဲမှာကောငါရှိရဲ့လား?
    နင်ဟာငါဘ၀ရဲ့ဘုရင်မပါ
    နင်ရဲ့အပြုံးတစ်ချက်က
    ငါရင်ဘတ်ကိုဗုံးခွဲလိုက်သလို
    အုံးဒိုင်းကျဲစေပါတယ်
    ကောင်မလေးရယ်

    ReplyDelete
  2. ကဗျာလေးတွေကြိုက်လို့ယူသွားတယ်နော်..နောက်ပြီးကဗျာကောင်းကောင်းတွေလဲထပ်ပြီးအများကြီးတင်ပေးပါဦး...အောင်မြင်ပါစေ

    ReplyDelete
  3. ချစ်တယ်ဆိုတာထက်
    လေးနက်တဲ့စကားရှိရင် ပြောချင်ပါတယ်
    ကောင်းအိစံရယ်။
    ငါ့ရဲ့လေးနက်တဲ့ ချစ်ခြင်းမြစ်တာ
    စစ်မှန်တဲ့သစ်စာတရားတွေကို
    တစ်နေ့တော့နင်ယုံကြည်လာလိမ့်မယ်လို့ငါ
    မျှော်လင့်ပါတယ် ။
    အချစ်ဆိုတာမကြုံသေးတဲ့ငါ့ကို
    အမုန်းဆိုတဲ့မြှားနဲ့ပစ်ခွင်းပြီး
    အလွမ်းဆိုတဲ့ဝေဒနာကိုမပေးလိုက်ပါနဲ့
    ကောင်းအိစံရယ်။
    နင်ဘက်ကပဲချစ်ချစ် ငါဘက်ကပဲချစ်ချစ်
    တစ်ယောက်ယောက်ကအတည်ချစ်ဖို့ပဲလိုပါတယ်
    ငါဘက်ကတဖတ်သတ်ဖြစ်နေရပေမယ့်
    ချစ်ခွင့်လေးပေးတာကိုပဲ
    ငါကျေနပ်လှပါပြီ
    ကောင်းအိစံရယ်။
    နင့်အချစ်ကိုမပိုင်ဆိုင်ရရင်တောင်မှ
    နင့်အတွက်အရာရာကိုဖြည့်စည်းပေးနိုင်မဲ့
    လူတစ်ယောက်ဖြစ်ချင်တယ်။
    နင့်အတွက်ငါ့ကိုငါစတေးခံမယ်
    အဖြည့်ခံအရှပ်လေးအဖြစ်နဲ့
    ကောင်းအိစံဆိုတဲ့နင့်အနားမှာ
    နေခွင့်ရရင်ပဲ ကျေနပ်လှပါပြီ
    ကောင်းအိစံရယ်

    ReplyDelete