မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Tuesday 25 December 2012

"....ချစ်သူသို့ ...."
..အချစ်ရဲ့ထုထည် ပုံသဏ္ဍန်ပြု
ထုဆစ်ဖို့ တော့ ဘယ်ပညာရှင်မှ
တုပလို့  မစွမ်းဆောင်နိုင်ကြဘူး..။
..ဘယ်လောက်ချစ်သလဲ မမေးပါနဲ့ 
နှလုံးသားနဲ့ ရင်းတဲ့ ချစ်ခြင်း
ကန့် သတ်ခြင်း မပြုအပ်တာကြောင့်..။
..ဘာကြောင့်ချစ်သလဲ မမေးပါနဲ့ 
သံယောဇဉ်ကို အရင်းတည်
မေတ္တာတွေ အပ်နှင်းပြီး
ချစ်တာတွေ ဓာတ်ခင်းပြဖို့ ..ဥပမာတွေ ခက်လွန်းလို့ ..။
"ရယူလိုခြင်း"သက်သက်နဲ့  ချစ်ခဲ့တာ မဟုတ်သလို..
"ပေးဆပ်ခြင်း" သက်သက်နဲ့ လဲချစ်ခဲ့တာ မဟုတ်ပါ..။
မြတ်နိုးမှု ၊ နားလည်မှု ၊ ခွင်လွှတ်မှုတွေ နဲ့ 
အချိုးကျပေါင်းစပ်ထားတဲ့ အချစ်နဲ့ သာ..
တန်ဖိုးထားစွာ ချစ်ခဲ့တာပါ..။
..ချစ်ခြင်းရဲ့နှောင်ဖွဲ့ ခံရသူ အဖြစ်
ဒီနေ့ ကစ နောင်လာမဲ့ နာရီ ၊ မီးနစ် ၊ စက္ကန့် တိုင်းမှာ
"မောင့်"ကို ချစ်တဲ့ အချစ်တွေ နဲ့ ပဲ...
ထာဝရရှင်သန် နေထိုင်သွားတော့မယ် ချစ်သူ"မောင်"ရယ်...။
အတာဦး

No comments:

Post a Comment