မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 3 December 2012

တချို့လူတွေက ပြောကြတယ် ။
"အနေဝေးရင် သွေးအေးတယ်"တဲ့ !!
ဟင့်အင်း !!
မယုံပါနဲ့ ချစ်သူ ♥
နင်နဲ့ငါ အနေတွေဝေးနေလည်း သွေးမအေးစေမယ့် အရာတွေအများကြီးရှိပါတယ် ။

_ ငါတို့တွေ ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ဖုန်းလေးတော့ တနေ့တကြိမ်ဆက်ပေးကြေး !! ဖုန်းမဆက်နိုင်ရင်တောင် အနည်းဆုံးတော့ message တစ်စောင်တော့ ပို့ပေးကြေးလေ !!

_ ငါတို့တွေ သူများစုံတွဲတွေလို ပန်းခြံအတူသွား တီတီတာတာစကားတွေပြော ရုပ်ရှင်အတူမကြည့်နိုင်ပေမယ့် ငါတို့အတွက် ဖုန်း တို့ Gtalk တို့ရှိတယ်မဟုတ်လား !!

အဲဒီမှာ ငါတို့ရဲ့တနေ့တာ ဖြစ်ပျက်ခဲ့သမျှတွေကို အပြန်အလှန်ပြောပြပြီး တယောက်နဲ့တယောက်ဖေးမ အားပေး ပေးနိုင်တယ်လေ !!

_ ငါတို့တွေဝေးနေတော့ ကြားထဲမှာ သွေးခွဲစကားတွေ ဘေးစကားတွေရှိလာမှာပဲလေ !!
အဓိကက နင် ငါ့ကို ယုံကြည်ပေးနေဖို့ပါပဲ့ !!

- တခါတလေ နင် ငါ့ကို နားမလည်ပေးနိုင်တဲ့အချိန်လည်းရှိမှာပဲ .. ဒါပေမယ့် အချိန်တန်ရင်တော့ ငါ့ဘက်ကို စာနာကြည့်ပေးပေါ့ !!

_ "သဝန်တိုမှု" ဆိုတာ ချစ်သူတွေကြားမှာ ရှိတယ်ဆိုတာ ဖြစ်သင့်ပါတယ် ။ ဒါပေမယ့် တရားလွန်ကြီးတော့ သဝန်မတိုကြေးပေါ့ဟာ !! ဘာကြောင့်လဲဆိုတော့ ငါက နင့်ကို စိတ်ပျက်အောင်လုပ်မယ့် လူစားမျိုးမှ မဟုတ်တာ !!

-ငါပြောတာတွေကို နင်လက်ခံရင် ..
ငါတို့နှစ်ယောက် ဝေးနေပေမယ့် ဘယ်တော့မှကွဲကွာမှာ မဟုတ်တော့ဘူးလေ !!

No comments:

Post a Comment