မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 19 November 2012

.♥♥♥♥♥♥ ၀န်ခံပါ .♥♥♥♥♥♥


ဟော့ဒီနံရံ တစ်ချက်ခြားတာကို ခုတုံးမလုပ်လိုက်ပါနဲ့ 
ရင်ခုန်ခဲ့ဘူးတယ်ဆိုတာကိုတော့
ရဲရဲကြီး ၀န်ခံလိုက်စမ်းပါ ချစ်သူရယ်.....♥♥♥♥♥♥

.♥♥♥♥♥♥ ငါ့ရင်ဘတ်ဟာ.......
မင်းနင်းခြေဖို့  မြေကြီးမဟုတ်ဘူးလေ
မင်းခိုလှုံဖို့  အေးမြတဲ့ အရိပ်တစ်နေရာစာလေးတစ်ခုပေါ့
လိမ်ညာလို့ ရလောက်အောင်
နှလုံးသားဆိုတာ..............
မျက်စိမမြင်ရသေးတဲ့  မွေးခါစကလေးလေးတစ်ယောက်လို့ မှ မဟုတ်တာ
.♥♥♥♥♥♥

.♥♥♥♥♥♥ ဖွဲ့ နွဲ့ မူတွေ မလိုအပ်ပါဘူး...............ချစ်သူ
ရိုးရှင်းတဲ့ ဖြူစင်မူဆိုတာ...................
ပွင့်လင်းမြင်သာတဲ့  ပြယုဂ်တစ်ခုပါပဲ
ဘာသာပြန်မှားရလောက်အောင်လဲ.....
ငါ့ နှလုံးသားမှာ မှတ်ကျောက်တင်လောက်အောင်
အက္ခရာများများမပါခဲ့ပါဘူး................ချစ်သူ...♥♥♥♥♥♥

♥ သျှိုင်းကို ♥
♥19 ♥ 11 ♥ 2012 ♥

No comments:

Post a Comment