မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 19 November 2012


ငါတို့နှစ်ယောက်ကြားမှာ..
အယူအဆတွေတူညီဖို့မလိုဘူး
နားလည်မှု့ပေးနိုင်ဖို့ပဲ လိုတယ်..။


ငါတို့နှစ်ယောက်ကြားမှာ..
သွေးခွဲစကားတွေမလိုဘူး
ယုံကြည်မှု့ပေးနိုင်ဖို့ပဲ လိုတယ်..။


ငါတို့နှစ်ယောက်ကြားမှာ..
အသိုင်းအဝိုင်းတွေမလိုဘူး
နွေးထွေးစွာ ချစ်နိုင်ဖို့ပဲ လိုတယ်..။

ငါတို့ နှစ်ယောက်ကြားမှာ
အများကြီး မလိုအပ်ပါဘူး
တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ ချစ်နေဖို့ပဲ လိုအပ်တယ်မလား။

ငါတို့နားလည်ထားတဲ့ ချစ်ခြင်းဆိုတာ
ရယူခြင်း မဟုတ်သလို ပေးဆပ်ခြင်းလည်းမဟုတ်ဘူးလေ

ငါတို့ပိုင်ဆိုင်ထားတဲ့ချစ်ခြင်းဆိုတာ
အတ္တကြီးတဲ့ချစ်ခြင်းမဟုတ်သလိုတစ်ကိုယ်ကောင်းဆန်တဲ့
ချစ်ခြင်းလည်းမဟုတ်ပြန်ဘူး

တကယ်တော့ ငါတို့သိထားတဲ့ ချစ်ခြင်းဆိုတာ
ယုံကြည်မှု့ကိုအခြေပြု ၊ နားလည်မှု့ကို အခြေခံ
စာနာဖေးမပြီး အပြန်အလှန်သစ္စာရှိနေတဲ့ ချစ်ခြင်းမဟုတ်လား..။

ကဲ ...ချစ်သူရေ နင်နဲ့ငါ ဂတိတခု ပြုရအောင်..♥♥

ဘယ်လို အခက်အခဲတွေပဲ ကြုံလာပါစေ
ဒီတစ်သက် ငါတို့ဘယ်တော့မှ လက်တွဲမဖြုတ်ကြဘူးနော်...။

အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

No comments:

Post a Comment