မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday 10 November 2012

ဆွတ်ပျံ့ကြည်နူးဖွယ်အချစ်လည်း
ပိုင်ဆိုင်ခဲ့ဘူးပါ၏

ရင်ခုန်စရာအချစ်လည်း
ပိုင်ဆိုင်ခဲ့ဘူးပါ၏

ကြည်နူးစရာကောင်းသောအချစ်လည်း
ပိုင်ဆိုင်ခဲ့ဘူးပါ၏

ပျားရည်လိုချိုမြိန်သော
အနမ်းများလည်းပိုင်ဆိုင်ခဲ့ဘူးပါ၏

သို့သော်
ကျနော်တို့နှစ်ယောက်
တယောက်ကိုတယောက်
နားလည်မပေးနိုင်ခဲ့ကြပါ

ထို့အခါ အချစ်သည်
ဖန်ခွက်လေးတခွက်ကျကွဲသလို
"ခွက်"ကနဲ
အလွယ်တကူကြေမွကွဲကြေခဲ့ရပါတော့သည်





ဘယ်လောက်ချိုမြိန်
ဘယ်လောက်ကြည်နူးစရာကောင်းကောင်း
တယောက်ကိုတယောက်နားလည်မပေးနိုင်ရင် အချစ်ကသင့်တို့နှစ်ယောက်ထံမှအလွယ်တကူထွက်ပြေးသွားနိုင်ပါတယ်




ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
09-nov-12,11:31PM

No comments:

Post a Comment