မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 1 November 2012


“ အချစ်ကို ဘယ်တော့မှ ဖန်တီးမယူပါနဲ့ ”
 
+ ဘယ်တော့မှ ဖန်တီးလို့မရတဲ့ လုပ်ယူလို့မရတဲ့အထဲမှာ ချစ်ခြင်းမေတ္တာပါတယ်

+ မေတ္တာကို အခြေခံတဲ့အချစ်က အေးမြပြီး ရမ္မက်ကို အခြေခံတဲ့ အချစ်က ပူလောင်လေ့ရှိတယ်

...

+ လိုချင်တပ်မက်မှုများလာတဲ့အခ
ါ အချစ်ဟာ အရောင်တွေပေစွန်းပြီး တဏှာအဖြစ်ပြောင်းသွားလေ့ရှိတယ်

+ အနေနီးစပ် ရင် အချစ်ဖြစ်ပေါ်လာတယ် ဆိုတာ မှားယွင်းတဲ့အချက်ဖြစ်တယ် အချစ်ဆိုတာ အနေနီးစပ်ခြင်း အကြောင်းအကျိုးတိုက်ဆိုင်ခြ
င်းအပေါ်မူတည်နေတာမဟုတ်ဘူး ချစ်ခင်စိတ်ကလေး ရင်ခုန်သံထူးထူးဆန်းဆန်းလေးဖြစ်ပေါ်လာရင် သင် အချစ်နဲ့စတင်တွေ့နေရပါပြီ

+ ဘ၀မှာ အရေးအကြီးဆုံးက အချစ်မဟုတ်ပေမယ့် အချစ်ဟာ အလေးထား ဆုံးဖြတ်ရတဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်တယ် အချစ်ကြောင့် အရာအားလုံးပျက်သုန်းသွားနို
င်သလို အရာအားလုံးလည်းလင်းလက်တောက်ပလာနိုင်တယ်

သက်တန့်ချို

1 comment:

  1. ဆရာသက်တန့်ချိုရေးတဲ့ ဒီစာလေးတွေကိုအရမ်းကြိုက်ခဲ့တာပါ
    မျှဝေပေးတာကို ကျေးဇူးတင်ပါတယ်

    ReplyDelete