မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 13 December 2012

"မောင့် ရဲ့ မေ"


မေ့ အတွေးတွေကို
မောင် အမြဲ လွမ်းမိုးထားနိုင်တာ
ဘာကြောင့်မှန်း မေ မသိပေမယ့်
မောင့်ကိုမေ သိပ်ချစ်တယ်ဆိုတာ သိတယ်...။

မောင့်နားမှာ ရှိနေတဲ့ အချိန်တိုင်း
နွေးထွေးမှု ကို ခံစားရတယ်...။

မေတို့ နှစ်ယောက် လူချင်းနီးနေသလို
ရင်ခုန်သံတွေ မဝေးကွာကြဘူး...။

မောင့် သဘောအတိုင်းပါ မောင်ရယ်...
မေ့ ရင်ခုန်သံတိုင်းဟာ မောင်ဖြစ်သလို
မောင့် ရင်ခုန်သံတိုင်ဟာ မေဆိုတာ ယုံကြည်ပါတယ်...။

မေ စောင့်နိုင်ပါတယ်၊
မောင်နဲ့ ရင်ခုန်သံတွေ တရားဝင် ကြေညာခွင့်ရမယ့်နေ့ ကိုပေါ့...။

မေ စောင့်နိုင်ပါတယ်၊
မောင့် လက်ကိုတွဲလို့ ဘဝခရီး တစ်ခုကိုလျှောက်လှမ်းဖို့ အတွက်ကိုပေါ့...။

1 comment: