မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 24 September 2012

မယုံတော့မရှိပါနဲ့နော်

အဆုံးမသက်နိုင်တဲ့ မြတ်နိုးမှုတွေနဲ့
ရင်ခုန်သံတွေလည်း စည်းချက်မဲ့နေခဲ့တာ
ယုံနိုင်ပါ့မလား ....။

ဒီအချိန်ဆို ဘယ်လိုနေမလဲ
အတွေးတိုင်းမှာ စိုးမိုးထားလို့
စက္ကန့်နဲ့အမျှ အရမ်းလွမ်းနေခဲ့တာ
ယုံနိုင်ပါ့မလား ......။

ဘ၀တွေက ဝေးကွာနေလဲ
အလွမ်းပန်းတွေ ကူသီရင်း
အပြုံးနုနုလေးနဲ့ အမြဲအားပေးချင်နေခဲ့တာ
ယုံနိုင်ပါ့မလား .....။

လောကတေး မဆင်နိုင်သူရင်ထဲမှာ
နှောင်ဖွဲ့ထားတဲ့ အချစ်တွေကိုလည်း
ရှိုက်သံအဖြစ်နဲ့ စတေးပြစ်ခဲ့ရတဲ့အဖြစ်ကို
ယုံနိုင်ပါ့မလား .....။

ဘယ်သူမှမမြင်အောင် လိုက်ကာထူထူချလို့
ရင်ထဲကဝေဒနာကို တိတ်တိတ်ကလေးလွမ်း
အသည်းလေးလည်း ကျွမ်းနေခဲ့ရတာ
ယုံနိုင်ပါ့မလား .....
 

No comments:

Post a Comment