မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်
Sunday, 3 February 2013
ရိုးမသွားကြေး မခွဲကြေး>>
လက်ချောင်းလေးတွေကြား
ချွေးသီးလေးတွေ 
ကျလုနီးပါး
ဒို့...နှစ်ယောက်လက်တွေ
ဆုပ်ထားကြရအောင် ။  
ပါးပြင်နှစ်ဖက်ကြား
မွှေးညှင်းလေးတွေ
ထိလုနီးပါး 
တစ်ယောက်ကိုတစ်ယောက်
ကပ်ထားကြရအောင် ။
ပခုံးနှစ်ဖက်ကြား
လေပြေကိုတောင်
ပေးမသွား 
တစ်ယောက်နဲ့တစ်ယောက်
ဝေးမသွားကြရအောင် ။
အချစ်ရေ
ကိုယ်...တအားပိုသွားသလား ။
ချစ်မိသူတစ်ယောက်ရဲ့
စိတ်ထား
တနေ့ထက်တနေ့တိုးလို့သာပွား
တို့နှစ်ယောက်အချစ်တွေ
တနေ့တခြား
ရိုး မသွား ကြ ရ အောင် ။   ။
ခင်မင်လျက်
ကောင်ကလေး
03/feb/13
ရိုးမသွားကြေး မခွဲကြေး>>
လက်ချောင်းလေးတွေကြား
ချွေးသီးလေးတွေ
ကျလုနီးပါး
ဒို့...နှစ်ယောက်လက်တွေ
ဆုပ်ထားကြရအောင် ။
ပါးပြင်နှစ်ဖက်ကြား
မွှေးညှင်းလေးတွေ
ထိလုနီးပါး
တစ်ယောက်ကိုတစ်ယောက်
ကပ်ထားကြရအောင် ။
ပခုံးနှစ်ဖက်ကြား
လေပြေကိုတောင်
ပေးမသွား
တစ်ယောက်နဲ့တစ်ယောက်
ဝေးမသွားကြရအောင် ။
အချစ်ရေ
ကိုယ်...တအားပိုသွားသလား ။
ချစ်မိသူတစ်ယောက်ရဲ့
စိတ်ထား
တနေ့ထက်တနေ့တိုးလို့သာပွား
တို့နှစ်ယောက်အချစ်တွေ
တနေ့တခြား
ရိုး မသွား ကြ ရ အောင် ။ ။
ခင်မင်လျက်
ကောင်ကလေး
03/feb/13
ကံကြမ္မာ ကဖန်လာတော့
ခံစားချက်မဲ့ ပျော်ရွင်နေတဲ့
        ငါ့ကို မာယာယဉ်ငယ်လေးနဲ့
         နင်လာရောက်ခေါ်ဆောင်သွားပီး
                     ကမ်းမမြင် လှမ်းမမြင်
                     ခံစားချက်ပင်လယ်ထဲမှာထားခဲ့သူ.....
                               ကျန်ခဲ့သူ နှင့် ထားခဲ့သူ
                               ဘယ်သူ့ နှလုံးသားလေးက
                                         ထိခိုက်ဒဏ်ရာ ဗလပွနဲ့ ဖြစ်နေမှာလည်း???
                                          ခေါ်ဆောင်သူ နှင့် လိုက်ပါခဲ့သူ
                                                     ဘယ်သူကမှားခဲ့တာလည်း???
                                                      နှလုံးသား နှစ်ခုရဲ့ ရင်ခုန်သံ
                                                               အငြိတစ်ချက်မှာ အသက်ပါမသွားပေမဲ့
                                                                နှလုံးသားလေး တစ်စုံပါသွားပီး
                                                                          ယုံကြည့်မှုတွေပါ အဆစ်ပါသွားလေရဲ့
                                                                           မာကျောတတ်အောင်လက်ချာပေးသွားတဲ့
                                                                            နင့်ကိုတော့ thanks you ပါ....              
♥♥....အလွမ်းမင်းသားလေးရဲ့ ...ရင်ခွင်.....တစ်စုံ....♥♥
နေ့တိုင်းမျက်ရည်တွေနဲ့...
အဖော်ပြုနေရသူပါချစ်သူ...
ဘယ်တော့မှဒီမျက်ရည်တွေ..
ကုန်ခမ်းမယ်ဆိုတာလဲငါမသိပါ...
ငါငိုတိုင်းလဲရင်ထဲကနှလုံးသားလေးက..
အရမ်းကိုနာကျင်နေတယ်..
ထားပါတော့လေ..
နင်မချစ်နိုင်လို့ ငါ့ကိုပြစ်သွားတာပဲ..
ဘယ်တတ်နိုင်မလဲ..
ဒါပေမဲ့ ချစ်သူရယ်..
နင်တစ်ယောက်ထဲချစ်ခဲ့မိတဲ့...
ဒီရင်ခွင်မှာ...
နင်မပျော်ဘူးဆိုတော့လဲ..
ငါနင့်ကိုမတားပါ..ချစ်သူရယ်..
နင်ထွက်သွားချင်တယ်ဆိုလဲ...
ထွက်သွားပါ..
ငါနင့် ကိုမသွားပါနဲ့လို့မတားပါဘူး..ချစ်သူရယ်..
နင်မနေချင်တဲ့ငါ့ရင်ခွင်မှာ..
ကွက်လပ်တစ်ခုပဲအရိပ်တစ်ခုလိုကျန်ခဲ့တယ်နော်..
ငါနင့်ကိုရက်စက်တယ်လို့ မပြောပါဘူး...
ဘာလို့လဲဆိုတော့နင့်မရှိတော့တဲ့ရင်ခွင်မှာ..
အစားထိုးဖို့ လူဆိုတာရှိခဲ့မယ်ဆိုရင်တောင်..
နင့်ကိုချစ်ခဲ့မိတဲ့ နှလုံးသားလေးကတော့..
အဲ့လူကိုလက်ခံမယ်မထင်ဘူး..
ငါ့ရဲ့ နှလုံးသားကနင်အတွက်ဆို...
အချိန်တိုင်း..နာရီတွေလည်ပတ်တိုင်း...
အမြဲတမ်းအပြုံးလေးနဲ့ပဲ..
လက်ခံခဲ့တာပါ..ပြန်လာခဲ့ပါလို့...
ငါနှလုံးသားလေးကပြောချင်ပေးမဲ့..
နင်မမြင်နိုင်တာကို..
ထက်ပြီးတော့လဲမပြောချင်တော့ဘူးလေ..
တစ်ကယ်လို့ မြင်တယ်ဆိုရင်လဲ..
ငါနင့်ကိုအပြုံးများနဲ့..ကြိုဆိုနေမယ်..ချစ်သူ.....
♥♥♥နင်မပျော်တဲ့..အလွမ်းမင်းသားလေးရဲ့ ရင်ခွင်....♥♥♥
ချစ်သူနှစ်ဦး ပေါင်းဆုံဖို့ဆိုတာ
ပါတ်ဝန်းကျင်က အဓိကကျလား
ချစ်သူနှစ်ဦး လက်တွဲဖို့ဆိုတာ
မိဘတွေက အဓိကကျလား
ကွဲကွာသွားကျတဲ့ ချစ်သူတော်တော်များများက
သူတို့ရဲ့ ပါတ်ဝန်းကျင် မိဘဆွေမျိုးတွေကြောင့်လို့
ဆင်ခြေပေးကျတာ များတယ်
တကယ်တော့ ချစ်သူနှစ်ဦးရဲ့ ပေါင်းစပ်ခွင့်၊ ဝေးကွာခွင့်ဆိုတာ
ချစ်သူနှစ်ဦးရဲ့ သဘောထားနဲ့ပဲ သက်ဆိုင်ပါတယ်
အချိန် ၊ အတိုင်းအတာတခုထိ ကြိုးစားစောင့်ဆိုင်းရင်း 
နားလည်မှု့နဲ့သစ္စာရှိဖို့ပဲလိုတာ မဟုတ်လား။။
*ထင်မြင်ချက်လေးတခုပါ..မှားကောင်း မှားသွားနိုင်ပါတယ်*
ခင်မင်လျှက်
မနောဖြူ
ချစ်သူနှစ်ဦး ပေါင်းဆုံဖို့ဆိုတာ
ပါတ်ဝန်းကျင်က အဓိကကျလား
ချစ်သူနှစ်ဦး လက်တွဲဖို့ဆိုတာ
မိဘတွေက အဓိကကျလား
ကွဲကွာသွားကျတဲ့ ချစ်သူတော်တော်များများက
သူတို့ရဲ့ ပါတ်ဝန်းကျင် မိဘဆွေမျိုးတွေကြောင့်လို့
ဆင်ခြေပေးကျတာ များတယ်
တကယ်တော့ ချစ်သူနှစ်ဦးရဲ့ ပေါင်းစပ်ခွင့်၊ ဝေးကွာခွင့်ဆိုတာ
ချစ်သူနှစ်ဦးရဲ့ သဘောထားနဲ့ပဲ သက်ဆိုင်ပါတယ်
အချိန် ၊ အတိုင်းအတာတခုထိ ကြိုးစားစောင့်ဆိုင်းရင်း
နားလည်မှု့နဲ့သစ္စာရှိဖို့ပဲလိုတာ မဟုတ်လား။။
*ထင်မြင်ချက်လေးတခုပါ..မှားကောင်း မှားသွားနိုင်ပါတယ်*
ခင်မင်လျှက်
မနောဖြူ
ငါ့အနားကို ပြန်မလာနိုင်တော့ဘူး ဆိုတာ
သိနေပေမယ့် နင်နဲ့ ပါတ်သက်ရင် စောင့်နေချင်မိတဲ့
နင့်နှလုံးသားလေး နားက ထွက်သွားပေးရမယ်ဆိုတာ
သိပေမယ့် ဘယ်လိုမှ ထွက်သွားမပေးနိုင်သေးတဲ့
တကယ်တော့ နင်ငါ့ဆီ ဘယ်တော့မှ
ပြန်မလာနိုင်တော့ဘူးဆိုတာ သိနေပေမယ့်
စောင့်နေမိရင်း နဲ့  နင်နှလုံးသားလေးနားက
ထွက်မသွားနိုင်သေးတဲ့ အဲ့ဒီ့ စိတ်ကြောင့်
ငါလည်း အရမ်းကို ပင်ပန်းနေပါပြီ..........
khin myo aye
ငါ့အနားကို ပြန်မလာနိုင်တော့ဘူး ဆိုတာ
သိနေပေမယ့် နင်နဲ့ ပါတ်သက်ရင် စောင့်နေချင်မိတဲ့
ငါ့ရဲ့ စိတ်က မှားနေတာလား..........
နင့်နှလုံးသားလေး နားက ထွက်သွားပေးရမယ်ဆိုတာ
သိပေမယ့် ဘယ်လိုမှ ထွက်သွားမပေးနိုင်သေးတဲ့
ငါ့ရဲ့ စိတ်ကမှားနေတာလား..........
တကယ်တော့ နင်ငါ့ဆီ ဘယ်တော့မှ
ပြန်မလာနိုင်တော့ဘူးဆိုတာ သိနေပေမယ့်
စောင့်နေမိရင်း နဲ့  နင်နှလုံးသားလေးနားက
ထွက်မသွားနိုင်သေးတဲ့ အဲ့ဒီ့ စိတ်ကြောင့်
ငါလည်း အရမ်းကို ပင်ပန်းနေပါပြီ..........
khin myo aye
Saturday, 2 February 2013
ကတိ
စောင့်ထိန်းချင်တဲ့သူအတွက် ပေးရခက်သလောက်
မစောင့်ထိန်းချင်တဲ့သူအတွက် ပေးရလွယ်လွန်းတယ်
အပေးမလွယ်ပါနဲ့ ပေးပြီးတည်ဖို့ခက်တတ်ပါတယ်
စိတ်ဆိုးချင်ဆိုးပါစေ တည်နိုင်မဲ့ကတိမျိုးကိုပေးပါ
မတည်နိုင်တဲ့ကတိမျိုးက 
ကိုယ်ချစ်ရတဲ့သူ့ကို ခဏတာပျော်ရွှင်သွားစေနိုင်ပေမဲ့
တသက်စာဒဏ်ရာတွေနဲ့တော့သူ့ကိုနာကျင်သွားစေနိုင်တယ်လေ
ခင်မင်လျက်
ကောင်ကလေး
၂/ဖေဖဝါရီ/၂၀၁၃
ကတိ
စောင့်ထိန်းချင်တဲ့သူအတွက် ပေးရခက်သလောက်
မစောင့်ထိန်းချင်တဲ့သူအတွက် ပေးရလွယ်လွန်းတယ်
အပေးမလွယ်ပါနဲ့ ပေးပြီးတည်ဖို့ခက်တတ်ပါတယ်
စိတ်ဆိုးချင်ဆိုးပါစေ တည်နိုင်မဲ့ကတိမျိုးကိုပေးပါ
မတည်နိုင်တဲ့ကတိမျိုးက
ကိုယ်ချစ်ရတဲ့သူ့ကို ခဏတာပျော်ရွှင်သွားစေနိုင်ပေမဲ့
တသက်စာဒဏ်ရာတွေနဲ့တော့သူ့ကို
နာကျင်သွားစေနိုင်တယ်လေ
ခင်မင်လျက်
ကောင်ကလေး
၂/ဖေဖဝါရီ/၂၀၁၃
Friday, 1 February 2013
တကယ်လို့..
နင့်အပေါ် ငါ့ထက်ပိုချစ်တဲ့သူ တွေ့သွားပြီလို့ နင်ယူဆမိတဲ့အခါ
နင့် နှလုံးသားက နောင်တတွေနဲ့ ငိုကြွေးနေလိမ့်မယ်
"နင့်သူ့ကို အစောကြီးကတည်းက မတွေ့မိလို့ " ဆိုပြီးပေါ့
တကယ်လို့
ငါ့အပေါ် နင့်ထက်ချစ်နိုင်တဲ့သူ တွေ့တဲ့ တနေ့
ငါနှလုံးသားက ဂုဏ်ယူစွာနဲ့ ပြုံးနေမိလိမ့်မယ်
"ငါနင့်အပေါ် သိပ်ချစ်လွန်းတာပဲ " ဆိုပြီးပေါ့..
ဟုတ်တယ်.. ချစ်သူရေ
နင့်ကိုမချစ် မိခင်ကတည်းက
ငါ့အပေါ် နင့်ထက်ချစ်တဲ့ သူတွေ အများကြီးရှိမှာပါ
ဒါပေမယ့် ..
သူတို့က နင်မှ မဟုတ်တာလေ..
တကယ်ချစ်မိတော့လဲ သိသိကြီးနဲ့ မိုက်နေမိတာ
ငါပါပဲဟာ..
(လွမ်းဝေ)
Photo: တကယ်လို့..
နင့်အပေါ် ငါ့ထက်ပိုချစ်တဲ့သူ တွေ့သွားပြီလို့ နင်ယူဆမိတဲ့အခါ
နင့် နှလုံးသားက နောင်တတွေနဲ့ ငိုကြွေးနေလိမ့်မယ်
"နင့်သူ့ကို အစောကြီးကတည်းက မတွေ့မိလို့ " ဆိုပြီးပေါ့
တကယ်လို့
ငါ့အပေါ် နင့်ထက်ချစ်နိုင်တဲ့သူ တွေ့တဲ့ တနေ့
ငါနှလုံးသားက ဂုဏ်ယူစွာနဲ့ ပြုံးနေမိလိမ့်မယ်
"ငါနင့်အပေါ် သိပ်ချစ်လွန်းတာပဲ " ဆိုပြီးပေါ့..
ဟုတ်တယ်.. ချစ်သူရေ
နင့်ကိုမချစ် မိခင်ကတည်းက
ငါ့အပေါ် နင့်ထက်ချစ်တဲ့ သူတွေ အများကြီးရှိမှာပါ
ဒါပေမယ့် ..
သူတို့က နင်မှ မဟုတ်တာလေ..
တကယ်ချစ်မိတော့လဲ သိသိကြီးနဲ့ မိုက်နေမိတာ
ငါပါပဲဟာ..
(လွမ်းဝေ)