မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday, 7 November 2012

နင်မပါလည်း
ငါ နဘေးမှာ နင်၇ှိနေသလိုခံစားရတယ်..............
နင်မလာလည်း
ပြင်းပြသော သတိရခြင်းနဲ့  လေးလေးနက်နက် သတိရသလို ခံစားရတယ်...........

ဘာဖြစ်လို့ လဲသိလား....

တစ်ယောက်သောသူကို
ရင်ထဲမှာ ထည့် ထားမိရင်
အနေနီးနီး ဝေးဝေး
သူ နဲ့ ပတ်သတ်တဲ့  အကြောင်းအရာတွေက လာဆက်နွယ်လေ့ ရှိတယ်လေဟာ

ဒီ ကမ္ဘာမြေပေါ်မှာ မင်းရှိနေသေးတယ် ဆိုတဲ့
အသိလေးတခုနဲ့ လှည့်ကြည့်ပေးဖို့လည်း မမျော်လင့်တော့ဘူး
အရာ အားလုံးကို ငါကျေနပ်နေတော့မယ်

မေ၇တွက်နိုင်အောင် ၀မ်းနည်းရင် နည်းနေမယ်
မေ၇တွက်နိုင်အောင် စိတ်ဓါတ်ကျရင်လည်း ကျနေမယ်
မေ၇တွက်နိုင်အောင် လွမ်းပြီးရင်းလည်း လွမ်းနေမယ်

မေ၇တွက်နိုင်အောင် ................မေ၇တွက်နိုင်အောင်
တကယ်ကို..........မေ၇တွက်နိုင်အောင်
...
"သတိရလိုက်တာဟာ" လို့လည်း ရေရွှတ်နေလိမ့်မယ်

နင့်အတွက် ငါ့အချစ်က နေပူပူမှာ မိုးရွာခဲ့သလို
အပူရှပ်စေခဲ့မှာပါ...ဒါပေမယ့် အဲ့မိုးပြေးလေးက
နင့်ကို အေးချမ်းစေချင်ခဲ့တာ အမှန်ပါ ချစ်သူရယ်

Monday, 5 November 2012

မမေ့ကြေး

ချစ်သူရေ ငါတို့အချစ်တွေ

ဒီနေ့မှာ ဟောင်းသွားရင်

မနက်ဖြန်မှာအချစ် အသစ်

အလွမ်းစစ်စစ်နဲ သတိရပေးပါ

တွေ့ခွင့်မကြုံ ဝေးလို့

နေပေမယ့် မမေ့ကြေး

ငါ့အကြောင်း တွေးတိုင်း လွမ်းပါ . . .

ချစ်သူရယ် . . . . . .

ချစ်သူ
အနေဝေးနေလျှက်နဲ့
ရင်ဘတ်ချင်း နီးစပ်နေတဲ့အတွက်

အချိန်နာရီတွေ မတူညီပေမယ့်
အချိန်တိုင်း လွမ်းနေပေးတဲ့အတွက်

မိုင်တိုင်တွေ ခြားနေပေမယ့်
ခြေရာတိုင်းမှာ အရိပ်လေးဖြစ်နေပေးတဲ့အတွက်

အမူအကျင့် မတူညီပေမယ့်
စိတ်ကူးအတွေးတွေ ထပ်တူကျနေတဲ့အတွက်

ဘုရားသွားကျောင်းတက်
အတူမရှိနိုင်ပေမယ့်
အလှူအတန်းတိုင်း အတူတူပြုခွင့်ရတဲ့အတွက်

အရာရာတိုင်းအတွက် ဝမ်းသာကျေနပ်
အတူတူရှိခြင်း မရှိခြင်းထက်
တူညီတဲ့ ခံစားမှုတိုင်းက
အတိုင်းအဆမရှိ ပိုချစ်မိစေတယ် ချစ်သူ

နေကောင်းလား တဲ့
အမှတ်တမဲ့မို့ယောင်ရမ်းပြီး ခေါင်းညိမ့်တယ်

အဆင်ပြေပါစေ တဲ့
သတိမထားမိပဲမျက်ရည်လေးဝဲပြီး ပြုံးပြတယ်

....လွမ်းလိုက်တာဟာ...
.......နေကောင်းတယ် မှတ်လား...
...........နင်လည်းငါ့လိုပဲ လွမ်းနေမှာပါ...
.........အတူတူရှိနေချင်တယ်..........တရစပ်ရေးမိတဲ့ Message အဆုံးမှာ ငါနှိပ်မိတဲ့ခလုတ်လေးက delete တဲ့

နင် သတိတရMessage ပို့တိုင်း
နင့်ဆီ ပြန်ရောက်နေကျMessage က "အင်း" တလုံးပဲ ဖြစ်နေတက်တယ်နော်..ဒါပေမယ့် ငါရေးလိုက်တဲ့ ရင်ဝှက်စာတွေ နင်မြင်တက်ရင်ကောင်းမယ်...။

"ရင်ဝှက်စာ"

အတူတူပါပဲ
သတိရတယ် ချစ်သူ
အမှတ်တရတွေများလွန်းတော့
အခံရခက်တဲ့ ရင်ခွင်က တချက်တချက် ထထငိုတယ်

အတူတူပါပဲ
လွမ်းမိတယ် ချစ်သူ
အတိတ်တွေကို တမ်းတမိပြန်တော့
ရင်နာစရာတွေက တစ်နင့်နင့်နဲ့ရင်ဘက်ကိုစူးတယ်

ဒီလိုပါပဲ အချစ်ဆိုတာ
ချစ်ပြီးရင် ဝေး ...ဝေးပြီးရင် လွမ်းရတာပဲ မဟုတ်လား

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့ကဗျာတွေထဲမှာ ချစ်ခြင်းတွေ ကိန်းအောင်းနေတယ်

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့စကားလုံးတွေမှာ မေတ္တာတရားတွေ သိုဝှက်ထားတယ်

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ တသက်လုံး နင့်တယောက်ကိုပဲ ချစ်နေမယ်ဆိုတာ နင်မြင်နိုင်ပါစေဟာ..။

Friday, 2 November 2012

တစ်သက်တာလက်တွဲဖို့ ရွေးချယ်ပြီးရင် အဲဒီလက်ကို မလွတ်နဲ့တော့၊
ပတ်ဝန်းကျင်ရဲ့သွေးထိုးစကားကို ဂရုမစိုက်နဲ့တော့၊ ကိုယ့်ရွေးချယ်မှုကို ယုံကြည်ပါ၊
သူ့ရဲ့ ပညာအဆင့်အတန်းက မြင့်ချင်မှမြင့်မယ်
ဒါမှမဟုတ် တခြားလူထက် ကြည့်ပျော်ရှုပျော်ဖြစ်ချင်မှဖြစ်မယ်
ဒါမှမဟုတ် ရာထူး၊ ဂုဏ် ရှိချင်မှရှိမယ်
ဒါပေမယ့် စစချင်းမှာ သင့်ကိုရင်ခုန်စေခဲ့တာက သူ့ရဲ့ရိုးရှင်းတဲ့အလှ၊ လှပတဲ့စိတ်ဓာတ်ကြောင့်ဆိုတာ မမေ့ပါနဲ့
လက်တွဲဖော်ဆိုတာ ပါးစပ်ဖျားမှာ ချိတ်ဆွဲကြွားဝါဖို့မဟုတ်ဘူး
လက်တွဲဖော်ဆိုတာ ရင်ထဲထည့်ပြီး ချစ်ရမယ်သူဖြစ်တယ်။
.

Thursday, 1 November 2012


“ အချစ်ကို ဘယ်တော့မှ ဖန်တီးမယူပါနဲ့ ”
 
+ ဘယ်တော့မှ ဖန်တီးလို့မရတဲ့ လုပ်ယူလို့မရတဲ့အထဲမှာ ချစ်ခြင်းမေတ္တာပါတယ်

+ မေတ္တာကို အခြေခံတဲ့အချစ်က အေးမြပြီး ရမ္မက်ကို အခြေခံတဲ့ အချစ်က ပူလောင်လေ့ရှိတယ်

...

+ လိုချင်တပ်မက်မှုများလာတဲ့အခ
ါ အချစ်ဟာ အရောင်တွေပေစွန်းပြီး တဏှာအဖြစ်ပြောင်းသွားလေ့ရှိတယ်

+ အနေနီးစပ် ရင် အချစ်ဖြစ်ပေါ်လာတယ် ဆိုတာ မှားယွင်းတဲ့အချက်ဖြစ်တယ် အချစ်ဆိုတာ အနေနီးစပ်ခြင်း အကြောင်းအကျိုးတိုက်ဆိုင်ခြ
င်းအပေါ်မူတည်နေတာမဟုတ်ဘူး ချစ်ခင်စိတ်ကလေး ရင်ခုန်သံထူးထူးဆန်းဆန်းလေးဖြစ်ပေါ်လာရင် သင် အချစ်နဲ့စတင်တွေ့နေရပါပြီ

+ ဘ၀မှာ အရေးအကြီးဆုံးက အချစ်မဟုတ်ပေမယ့် အချစ်ဟာ အလေးထား ဆုံးဖြတ်ရတဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်တယ် အချစ်ကြောင့် အရာအားလုံးပျက်သုန်းသွားနို
င်သလို အရာအားလုံးလည်းလင်းလက်တောက်ပလာနိုင်တယ်

သက်တန့်ချို